Connect with us

Politics, Law & Military

နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး ပြည်နယ်များမှ တရားမဝင်သစ် ၃၇၄ ဒသမ ၄၅၄၃ တန်၊ တရားခံ၂၀ တို့အားဖမ်းဆီးရမိ 

ဖမ်းဆီးရမိသည့် သစ်များအားတွေ့ရစဉ် (ဓာတ်ပုံ- ကြေးမုံ)

ရန်ကုန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ တရားမဝင်သစ် ၃၇၄ ဒသမ ၄၅၄၃ တန်၊ တရားခံ ၂၀ ဦး နှင့် ယာဉ်၊ ယန္တရား အစီး ၂၀ တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ် ကြည့်ရှုသတင်းပို့စနစ်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး ပြည်နယ် သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၁၄၁ ဒသမ ၄၆၀၆ တန်၊ သစ်မာ ၉၈ ဒသမ ၃၁၂၂ တန်နှင့် အခြား တန် အပါအဝင် စုစုပေါင်း ၃၇၄ ဒသမ ၄၅၄၃ တန်တို့အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင်ပါရှိသည်။  (Xinhua)