ရီယိုဒီဂျနေရိုး၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံအနေဖြင့် စိုက်ပျိုးရေးပို့ကုန်များအားတိုးချဲ့တင်ပို့နိုင်ရန် အတွက် ကုန်သွယ်ရေးမစ်ရှင်အဖွဲ့များအား အာရှ နှင့် ဥရောပသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း ဘရာဇီးအစိုးရ စိုက်ပျိုးရေးဝန်ကြီးဌာန၊ ဝန်ကြီး ထရီဇာခရစ္စတီးနား (Tereza Cristina) က ဇန်နဝါရီ လ ၂၂ ရက်နေ့တွင်ပြောကြားခဲ့သည်။
ရာဘတ်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံမှ ရာဇဝတ်ဂိုဏ်းအဖွဲ့အစည်းများနှင့် အကြမ်းဖက်လုပ်ရပ်များကို ငွေကြေးထောက်ပံ့သူအဖြစ် သံသယရှိသူ ပြင်သစ်-အယ်လ်ဂျီးရီးယား အမျိုးသားတစ်ဦးကို မော်ရိုကိုနိုင်ငံ အာဏာပိုင်များက ဇန်နဝါရီ ၂၂ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲကျင်းပရန် တော်ဝင်ခွင့်ပြုမိန့်အား ဇန်နဝါရီလ ၂၃ ရက်က ထုတ်ပြန်လိုက်ပြီး ရွေးကောက်ပွဲအား လာမည့် ငါးရက်အတွင်း ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဇန်နဝါရီ ၂၂ ရက်က ကျပ်သိန်း ၃၈၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။
ဂျေရုစလင် ၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ) ဂါဇာကမ်းမြောင် ဒေသတွင် မငြိမ်သက်မှုများ ဆက်လက် ဖြစ်ပွားနေမည် ဆိုပါက ၎င်း၏ တိုက်ခိုက်မှုများကို ဆက်လက် ပြုလုပ်သွားရန် ပြင်ဆင်ထားကြောင်း အစ္စရေး စစ်ဘက်က ဇန်နဝါရီ ၂၂ ရက်တွင် သတိပေး လိုက်ကြောင်း သိရသည်။
နေပြည်တော် ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ အစိုးရ က မြန်မာ နိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရန် အတွက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ တစ်ရပ် အား ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်း အချိန်...
နေပြည်တော်၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ လူမွဲ ခံယူခြင်းဆိုင်ရာ ဥပဒေ(The Myanmar Insolvency Law) ဥပဒေကြမ်းအသစ်အား ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြဟန်က အမျိုးသား လွှတ်တော် ယနေ့ အစည်းအဝေးသို့ တင်သွင်းခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ အတွေးအခေါ်၊ ယဉ်ကျေး မှု၊ ရိုးရာဓလေ့နှင့် ပွဲတော်များစသည့် ထိတွေ့ကိုင်တွယ်၍ မရသော ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ၃၀၀ ကျော်နှင့် ချိတ်ဆက်ပြီး ပူးပေါင်းကူညီ...
အော့တဝါ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ ဆက်စ်ကာတွန် (Saskatoon) မြို့ မြောက်ပိုင်းတွင် ကားစီးရေ ၅၀ တင်ဆောင်လာသော ရထားတစ်စင်း ဇန်နဝါရီလ ၂၂ ရက်က လမ်းချော်ကာ မီးလောင်ခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း CTV သတင်းအရ သိရသည်။
မက္ကဆီကို စီးတီး၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ ဟီဒဲလ်ဂိုပြည်နယ် တွင် ဇန်နဝါရီ ၁၈ ရက် က ဓါတ်ငွေ့ပိုက်လိုင်းတစ်ခု ပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေသည် ၉၃ဦးအထိ မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Jorge Alcocer က ဇန်နဝါရီ ၂၂ရက်တွင်ပြောကြားခဲ့သည်။