Connect with us

Environment, Disasters & Accidents

လင်းကမ်းသာယာ ဆင်စခန်းသို့ ပြည်တွင်းပြည်ပခရီးသွား တစ်သိန်းကျော် ဝင်ရောက်ခဲ့

လင်းကမ်းသာယာ ဆင်စခန်းသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွား ဧည့်သည်များအားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာအနီး၊ ဧရာဝတီမြစ်ကမ်းဘေး၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာနမှ ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာ ဆင်စခန်းသို့(၂)နှစ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဆင်ချစ်သူများ တစ်သိန်းကျော် ဝင်ရောက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်သော သတင်းအရသိရသည်။

အဆိုပါ ပလင်းကမ်းသာယာ ဆင်စခန်း၌ ဆင်ခုနှစ်ကောင်ရှိပြီး ပြည်ပနိုင်ငံသားအများစုသည် ဆင်ရေချိုးဆင်းချိန်အား အဓိကလာရောက်ကြည့်ရှု့ပြီး ပြည်တွင်း ခရီးသွားများသည် ဆင်စခန်းဝင်းအတွင်း ဆင်ကြည့်ခြင်း၊ ဆင်စီးခြင်း၊ အလှချိတ်ဆွဲထားသည့် ပုဂံ-ညောင်ဦး ဒေသထွက် ဇော်ဂျီရုပ်၊ မူးမတ်ရုပ်၊ ဘီလူးရုပ်များဖြင့် ဓာတ်ပုံရိုက်ကြခြင်းနှင့် ဆင်စခန်း လမ်းတစ်လျှောက် ထီးအလှချိတ်ထားခြင်းများဖြင့် ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ကြပြီး ဆင်စခန်းဝင်းအတွင်း အပန်းဖြေ ပန်းဥယျာဉ်၌  စိမ်းလန်းစိုပြေစေရန် သစ်ပင်များ စိုက်ပျိုးပေးထားခြင်းနှင့် ဆင်စခန်းလာ ကလေးငယ်များကစားနိုင်ရန် ဆီးဆော၊ ဒန်း ၊ လျှောစင်များပြုလုပ်ပေးထားပြီး ဆင်စခန်းလာ ဆင်ချစ်သူများ ဧရာဝတီမြစ်ဘက် လေညှင်းခံ၊ ရှုခင်းကြည့်နိုင်ရန် သစ်လုံးတံတား တည်ဆောက်နေရာ  ၅၀ ရာခိုင်နှုန်းပြီးစီးနေပြီး ဆင်ချစ်သူများ ဆင်နှင့် ပတ်သက်သည့် ဗဟုသုတ၊ ဆင်ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ ဆင်များ၏သက်တမ်း၊ အာရှဆင်၊ အာဖရိက ဆင်၊ ဆင်က၊ ဆင်လုပ်သားများ နေအိမ်များဖြင့် ဆင်ပြတိုက်ဖွင့်လှစ်နိုင်ရန် တည်ဆောက်လျက်ရှိရာ ဆင်ပြတိုက်မှာလည်း ၈၀ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။

ယင်းဆင်စခန်းသည် ညောင်ဦးမြို့မှ ပခုက္ကူ-မြင်းခြံဘက်အတွက် (၅)မိုင်ခန့်အကွာ ဧရာဝတီ မြစ်ကမ်းဘေး၌ ဖွင့်လှစ်ထားရှိပြီး ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်လည်ပတ်ရင်း ခရီးတစ်ထောက် နားနေရာအဖြစ် ပလင်းကမ်းသာယာ ဆင်စခန်းအား ရွေးချယ်မှုများလာကာ နေ့စဉ်နှင့်အမျှ လာရောက်လေ့လာ လည်ပတ်မှုများကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.