Connect with us

Social

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်အကြိုအထိမ်းအမှတ် ပို့စကတ်သစ် နှစ်မျိုး အား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်ရောင်းချမည်

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်အကြိုအထိမ်းအမှတ် ပို့စကတ်သစ်အားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) 

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်အကြိုအထိမ်းအမှတ် ပို့စကတ်သစ် နှစ်မျိုးရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ 

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်အကြိုအထိမ်းအမှတ် ပို့စကတ်သစ် နှစ်မျိုး ကို ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန မြန်မာ့စာ တိုက်လုပ်ငန်းမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် ပြာသိုလဆန်း ၇ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၉ နာရီခွဲမှစတင်၍ နေပြည် တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးတို့နှင့် တိုင်း ဒေသကြီး၊ ပြည်နယ်များရှိ မြို့တော် စာတိုက်ကြီးများ တွင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်၌ ဝယ်ယူသော ပို့စကတ်များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း ကြေးမုံသတင်းစာတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.