Connect with us

Politics, Law & Military

ဆင်ဟွာသတင်းဌာန၏ ၂၀၁၉ ခုနှစ် တရုတ်နိုင်ငံထိပ်တန်း သတင်း ၁၀ ပုဒ်

(၁) တရုတ်နိုင်ငံပေကျင်းမြို့၌ ၂၀၁၉ ခုနှစ် မတ် ၁၅ ရက်တွင် ၁၃ ကြိမ်မြောက် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ဒုတိယပုံမှန်အစည်းအဝေး ကျင်းပနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ)

၂၀၁၉ ခုနှစ်အတွက် ဆင်ဟွာသတင်းဌာန၏ တရုတ်နိုင်ငံဆိုင်ရာ ထိပ်တန်း သတင်း ၁၀ ပုဒ်ကို အောက်တွင် ခေါင်းစဉ်ငယ်များဖြင့် စုစည်းဖော်ပြအပ်ပါသည်။

(၁) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေက မြင့်မားသောအဆင့်အတန်း တံခါးဖွင့်ရန် တွန်းအားပေး

၂၀၁၉ ခုနှစ် မတ် ၁၅ ရက်တွင် ကျင်းပခဲ့သည့် ၁၃ ကြိမ်မြောက် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ဒုတိယပုံမှန်အစည်းအဝေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဌာန်းနိုင်ခဲ့ပြီး ယင်းဥပဒေသည် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင် အသက်ဝင်မည်ဖြစ်သည်။၎င်းဥပဒေကို ပြဌာန်းနိုင်ခဲ့ခြင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုတွန်းအားပေးရန် နှင့် တံခါးဖွင့်မှုကို ကျယ်ကျယ်ပြန့်ပြ့န်လုပ်ဆောင်ရန် တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီ(CPC) ၏ ဆုံးဖြတ်မှု နှင့် စီစဉ်မှုတို့ကို အပြည့်အဝအကောင်အထည်ဖော်ရန် အရေးကြီးသော လုပ်ဆောင်ချက်တစ်ခုပင်ဖြစ်သည်။

(၂) သံခင်းတမန်ခင်းပွဲများ လက်ခံကျင်းပခြင်းသည် တံခါးဖွင့်ဝါဒ နှင့် win-win ပူးပေါင်းဆောင်ရွက်ခြင်းကို ထုတ်ဖော်ပြသခြင်းဖြစ်

ဒုတိယအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို တရုတ်နိုင်ငံပေကျင်းမြို့၌ ဧပြီ ၂၅ ရက်မှ ၂၇ ရက်အထိ အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။၎င်းအခမ်းအနားသို့ ကမာ္ဘ့နိုင်ငံပေါင်း ၁၅၀ နှင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၉၂ ခု တို့မှ ဧည့်ပရိသတ် ၆,၀၀၀ ကျော်တက်ရောက်ခဲ့ပြီး ခေတ်သစ်ပိုးလမ်းမ အတူတကွ တည်ဆောက်ရန် အမြင့်မားဆုံးအရည်အသွေး၏ စာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့သည်။

ထို့ပြင် ပေကျင်းမြို့၌ ကမ္ဘာ့ဥယျာဉ်စိုက်ပျိုးမှု အတတ်ပညာပြပွဲ နှင့် အာရှယဉ်ကျေးမှုဖလှယ်ရေး ညီလာခံကို ကျင်းပခဲ့သလို ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲကို ရှန်ဟိုင်းမြို့၌ နိုဝင်ဘာ ၅ ရက် မှ ၁၀ ရက်အထိ လက်ခံ ကျင်းပခဲ့သည်။ အဆိုပါ သံခင်းတမန်ခင်းပြပွဲများသည် အလွန်ကြီးကျယ်ခမ်းနားခဲ့ပြီး တရုတ်နိုင်ငံ၏ တံခါးဖွင့်ဝါဒ ပြယုဒ်များဖြစ်သလို အပြန်အလှန်အကျိုးပြုမှုကို အခြေပြု၍ ကမာ္ဘကြီးနှင့် နက်ရှိုင်းစွာ ချိတ်ဆက်ဆောင်ရွက်မှု နှင့် win-win ပူးပေါင်းဆောင်ရွက်မှု ကို ဖော်ပြြခင်းပင်ဖြစ်သည်။

တရုတ်သမ္မတရှီကျင့်ဖိန်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ကမာ္ဘ့နိုင်ငံခေါင်းဆောင်များတက်ရောက်ခဲ့သည့် ဒုတိယအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို တရုတ်နိုင်ငံပေကျင်းမြို့၌ ၂၇ ရက်တွင် ကျင်းပစဉ်(ဆင်ဟွာ)

(၃) တရုတ်ကွန်မြူနစ်ပါတီ(CPC) က ပညာရေးစည်းရုံးလှုံ့ဆော်မှုဆောင်ရွက်ခြင်း

“ ကျွန်ုပ်တို့ရှာဖွေနေသော ရည်မှန်းချက်ပန်းတိုင်ရောက်ရှိရေး အမှန်တရားတွင် နေထိုင်ခြင်း” ဟူသော ဆောင်ပုဒ်တစ်ခုဖြင့် တရုတ်ကွန်မြူနစ်ပါတီ(CPC) ၏ အဖွဲ့ဝင်အားလုံးအကြားတွင် မေ ၃၁ ရက် မှစတင်ကာ နိုင်ငံတစ်ဝန်း ပညာပေး စည်းရုံးလှုံ့ဆော်မှုများ ဆောင်ရွက်ခဲ့သည်။

ယင်းစည်းရုံးလှုံ့ဆော်မှုအစီအစဉ်၏ အခြေခံသဘောတရားသည် ပညာရပ်ဆိုင်ရာ လေ့လာသင်ယူမှုကို နက်ရှိုင်းစွာ ပြုမူဆောင်ရွက်ရန် နှင့် ခေတ်သစ်တစ်ခုတွင် တရုတ်လူမျိုးတို့၏ သွင်ပြင်လက္ခဏာနှင့်အတူ ဆိုရှယ်လစ်စနစ်ကို ရှီကျင့်ဖိန်၏ အတွေးအခေါ်များဖြင့် ဖြည့်ဆည်းအကောင်အထည်ဖော်ဆောင်ရွက်သွားရန်အတွက် နိုင်ငံရေးအရ သစ္စာရှိမှု ၊ ရိုးသားဖြောင့်မတ်မှု ၊ တာဝန်ယူမှု ၊ တရုတ်တိုင်းရင်းသား မျိုးနွယ်စုအားလုံးအကြား စည်းလုံးညီညွတ်မှု နှင့် ကြီးကျယ်ခမ်းနားသော အိပ်မက်ကို နားလည်သဘောပေါက်ရေး အတူတကွ ကြိုးပမ်းအားထုတ်ရန်အတွက် ၎င်းတို့အားဦးဆောင်လမ်းပြမှု တို့ပင်ဖြစ်သည်။

အဆိုပါစည်းရုံးလှုံ့ဆော်မှုကို အထူးသဖြင့် အစိုးရအရာရှိများ နှင့် အဆင့်မြင့်နိုင်ငံ့ဝန်ထမ်းများကို ဦးတည်လုပ်ဆောင်ခြင်းဖြစ်ရာ ပါတီတွင်း ကိုယ်တိုင်စီမံခန့်ခွဲမှု နှင့် ကိုယ်တိုင်ပြုပြင်ပြောင်းလဲမှုအတွက်ဖြစ်သလို အပြည့်အဝအကောင်အထည်ဖော်ရန်အတွက် အဓိက ဦးဆောင်ဦးရွက် ပြုမူဆောင်ရွက်ချက် တစ်ခုပင်ဖြစ်သည်။

တရုတ်နိုင်ငံရှန်ဟိုင်းမြို့၌ ဇွန် ၂၂ ရက်တွင် ကျင်းပခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ ပထမအကြိမ်အမျိုးသားကွန်ဂရက်၌ စေတနာ့ဝန်ထမ်းလုပ်အားပေးနေသည့် ရှန်ဟိုင်းတက္ကသိုလ်ကျောင်းသားများအားတွေ့ရစဉ်(ဆင်ဟွာ)

(၄) အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက ဒေသတွင်း မဟာဗျူဟာများ

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် ပေကျင်း ထျန်းကျင်း- ဟဲပေ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်ရေး ၊ ယန်ဇီမြစ်စီးပွားရေးလမ်းမကြီး ဖွံ့ဖြိုးတိုးတက်ရေး ၊ ကွမ်တုံး-ဟောင်ကောင်-မကာအို မဟာပင်လယ်အော် ဧရိယာ ဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်ရေး နှင့် ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး တို့အပါအဝင် ဂေဟစနစ်ကာကွယ်ခြင်း နှင့် မြစ်ဝါမြစ်တစ်လျှောက် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို တရုတ်နိုင်ငံ၏ အဓိက အမျိုးသားမဟာဗျူဟာများထဲမှ တစ်ခုအပါအဝင်အဖြစ် ဆောင်ရွက်လျက်ရှိသည်။

၂၀၁၉ ခုနှစ် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ရှုန်းအန်းသစ်ဒေသကိုလည်း မြင်တွေ့ရမှာဖြစ်သလို ဟိုင်နန်ဒေသတွင် ဘက်စုံပြုပြင်ပြောင်းလဲမှု နက်ရှိုင်းစွာလုပ်ဆောင်ခြင်း နှင့် ရှန်းကျန့်ဒေသ၌ တရုတ်လူမျိုးတို့၏သွင်ပြင်လက္ခဏာနှင့်အတူ ဆိုရှယ်လစ်စနစ်၏ ရှေ့ပြေးသရုပ်ပြမှုဒေသအဖြစ် တည်ဆောက်နေသည်ကိုလည်းတွေ့မြင်ရမည်ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် အနောက်ပိုင်းတွင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပန္နက်တိုင်သစ်ကိုလည်း ချမှတ်ပေးခဲ့ပြီး အရှေ့မြောက်ပိုင်းဒေသတွင် တီထွင်ဆန်းသစ်မှု နှင့် ပြုပြင်ပြောင်းလဲမှုကို အားပေးခဲ့ကြောင်း ၊ အလယ်ပိုင်းဒေသတွင် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးခဲ့ကြောင်း နှင့် အရှေ့ပိုင်းဒေသတွင် ခေတ်မီတိုးတက်သော လမ်းကြောင်းသစ်ဖောက်ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင်လည်း အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဆောင်ရွက်ခဲ့သည်။

တရုတ်နိုင်ငံYonghe ခရိုင်အတွင်း Gediမြို့ငယ်လေးနံဘေး စီးဆင်းသွားသော မြစ်ဝါမြစ်အားတွေ့ရစဉ်(ဆင်ဟွာ)

(၅) အဓိကစီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့

ပေကျင်း Daxing နိုင်ငံတကာလေဆိပ်ကို စက်တင်ဘာ ၂၅ ရက်တွင် ဖွင့်လှစ်ပေးခဲ့ပြီး ယင်းလေဆိပ်သည် တစ်နှစ်လျှင် ခရီးသည် သန်း၁၀၀ ဝင်ထွက်ရန် ရည်မှန်းထားသည်။ တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းထုတ် လေယာဉ်တင်သင်္ဘောကြီး ကိုအောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီး အဆိုပါ Shandong လေယာဉ်တင်သင်္ဘောကို ဒီဇင်ဘာ ၁၇ ရက်က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သို့ လွှဲပြောင်းပေးအပ်နိုင်ခဲ့သည်။

ယခုနှစ်အတွင်း အခြားသော အဓိကစီမံကိန်းများစွာကိုလည်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပြီးဖြစ်သည်။ 5G လိုင်စင်များကို စီးပွားဖြစ် အသုံးပြုရန် ခွင့်ပြုပေးခဲ့သည်။ ကမာ္ဘ့ပထမဆုံး လကမ္ဘာ၏ အစွန်ကျသောအရပ်ကို လေ့လာရန် Chang’e4 အာကာသယာဉ်ကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့သည်။ Long March-5 ဂြိုဟ်တုသယ်ဆောင်ရေး ဒုံးပျံအသုံးပြု၍ နည်းပညာဆိုင်ရာ လက်တွေ့စမ်းသပ်မှု ပြုလုပ်မည့် Shijian-20 ဂြိုဟ်တုကို အာကာသသို့ လွှတ်တင်နိုင်ခဲ့သည်။ ကမာ္ဘ့အဆင့်- ၁ မြန်နှုန်းမြင့်မီးရထားလမ်းပိုင်း ၃၅,၀၀၀ ကီလိုမီတာ အပါအဝင် တရုတ်နိုင်ငံ၏ ရထားလမ်းပိုင်းအရှည် ၁၃၉,၀၀၀ ကီလိုမီတာကို ဖောက်လုပ်နိုင်ခဲ့သည်။

ပေကျင်းမြို့ Daxing နိုင်ငံတကာလေဆိပ် အား ဇွန်၂၅ ရက်က မြင်တွေ့ရပုံ(ဆင်ဟွာ)

(၆) တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း နှစ် ၇၀ ပြည့် ခမ်းအနား ကျင်းပ

တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း နှစ်၇၀ ပြည့်အခမ်းအနား ကို ပေကျင်းမြို့ ထျန်အန်းမင် ရင်ပြင်တွင် အောက်တိုဘာလ ၁ ရက်က ကျင်းပခဲ့ရာ စစ်ရေးပြချီတက်ပွဲနှင့်လူထုအခမ်းအနားများ သို့ ပြည်သူ ၂၀၀,၀၀၀ ကျော်ပါဝင်တက်ရောက်ဆင်နွှဲခဲ့ကြသည်။တရုတ်ပြည်သူ့သမ္မတနိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးနှင့်ဗဟိုစစ်ကော်မ ရှင် ဥက္ကဋ္ဌ ဖြစ်သူ သမ္မတ ရှီကျင့်ဖိန် ကအခမ်းအနားတွင်မိန့်ခွန်းပြောကြားပြီး တပ်ဖွဲ့ဝင်များကိုစစ်ဆေး ခဲ့သည်။ ရှီက တီယန်မင် ရင်ပြင်တွင် ကျင်းပသောအထူးညနေစာစားပွဲသို့လည်း ပြည်သူများနှင့်အတူ တက်ရောက်ခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်းနှစ် ၇၀ ပြည့် စစ်ရေးပြအခမ်းအနား၌ တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးနှင့်ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်အားတွေ့ရစဉ်(ဆင်ဟွာ)

(၇) တရုတ်ကွန်မြူနစ်ပါတီ၏ အဓိကအစည်းအဝေးက နိုင်ငံ၏ စနစ်နှင့်အုပ်ချုပ်မှု အင်အား ကိုအလေး ထားပြသလျက်ရှိ

၁၉ ကြိမ်မြောက်တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက ၎င်း၏စတုတ္ထအကြိမ်မြောက်မျက်နှာစုံညီ အ စည်းအဝေးကို အောက်တိုဘာလ ၂၈ ရက်မှ ၃၁ ရက် အထိကျင်းပခဲ့သည်။ အစည်းအဝေးတွင်တရုတ် နိုင်ငံ၏စရိုက်လက္ခဏာများနှင့်အညီဆိုရှယ်လစ်စနစ်တိုးတက်ကောင်းမွန်ရေးနှင့်တရုတ်နိုင်ငံ၏စနစ်နှင့် အုပ်ချုပ်မှုစွမ်းဆောင်ရည် တိုးတက်ခေတ်မီမှုရှိစေရေးတို့အတွက် မည်သို့အထောက်အကူပြုသွားမည် ဆိုခြင်းနှင့်သက်ဆိုင်သော အချို့သောအဓိကကိစ္စရပ်များအပေါ် ဗဟိုကော်မတီ၏ဆုံးဖြတ်ချက်အား ပြန်လည်သုံးသပ် အတည်ပြုမှုများ ပြုလုပ်ခဲ့သည်။

ထိုဆုံးဖြတ်ချက်က တရုတ်နိုင်ငံ၏ စရိုက်လက္ခဏာများနှင့် အတူဆိုရှယ်လစ်စနစ်၏ အဖွဲ့အစည်းအ ဆောက်အအုံ အတွင်းသမိုင်းဝင်တိုးတက်မှုများကို အကျဉ်းချုပ်စုရုံးဖေါ်ပြထားပြီး၊ တရုတ်နိုင်ငံ၏ အ ခြေအနေနှင့်အုပ်ချုပ်မှုစနစ်များ ၏ သတိပြုမိဖွယ်အားသာချက်များကို သုံးသပ်ဖေါ်ပြထားကာ၊ တရုတ် နိုင်ငံ၏ စရိုက်လက္ခဏာများနှင့် အတူဆိုရှယ်လစ်စနစ်ကို အထောက်အကူပြုသော အခြေခံနှင့်အရေး ကြီးအဖွဲ့အစည်းများအပေါ် ရှင်းလင်းမှုလည်းပြုထားရုံမက၊ တရုတ် နိုင်ငံ၏စရိုက်လက္ခဏာ များနှင့်အ ညီဆိုရှယ်လစ်စနစ်တိုးတက်ကောင်းမွန်ရေးနှင့်တရုတ်နိုင်ငံ၏စနစ်နှင့် အုပ်ချုပ်မှုစွမ်းဆောင်ရည် တိုး တက်ခေတ်မီမှုရှိစေရေးတို့အတွက် မည်သို့အထောက်အကူပြု၍ ပြုပြင်ဆောင်ရွက်သွားမည်ဆိုသည့် ရည်မှန်းချက်များနှင့် လုပ်ငန်းများ အားလည်းသတ်မှတ်ဖေါ်ပြထားသည်။

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကို ပေကျင်းမြို့၌ အောက်တိုဘာ ၂၈ မှ ၃၁ရက်ထိ ကျင်းပစဉ်(ဆင်ဟွာ)

( ၈) အခက်အခဲအခြေအနေများကို ရင်ဆိုင်ကျော်လွှား၍ ပုံမှန်တိုးတက်ကောင်းမွန်လာနေ သော တရုတ်နိုင်ငံ၏ စီးပွားရေး

ဗဟိုစီးပွားရေးလုပ်ငန်းညီလာခံ ကို ပေကျင်းမြို့တွင် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့ သည်။ထိုညီလာခံအစည်းအဝေးတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် ခေါင်းဆောင်သော တရုတ်ကွန်မြူ နစ်ပါတီဗဟိုကော်မတီ၏ ခိုင်မာသောဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည်တည်ငြိမ်မှု ကိုအာမခံ သော တိုးတက်မှုလမ်းကြောင်းပေါ်တွင်လျှောက်လှမ်းလျက်ရှိပြီး၊ ပြုပြင်ပြောင်းလဲမှုအတွက် အခွန်များ ကိုလျှော့ချရန်၎င်း၏မူဝါဒအပေါ်အလေးထားဆောင်ရွက် နေကာ၊ အဆင့်မြင့်ဖွံ့ဖြိုးတိုးတက်မှုအားပေး လှုံ့ဆော်နေရုံမက၊စီးပွားရေးတည်ငြိမ်မှုကို အာမခံနိုင်မည့်ခိုင်မာသော တိုးတက်မှုကိုလည်းဆောင်ရွက် နိုင်ခဲ့သဖြင့် ကောင်းမွန်သောစီးပွားရေး နှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတို့ ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ ကြောင်းသဘောတူခဲ့ကြသည်။ တစ်ပြိုင်တည်းမှာပင် နိုင်ငံ၏အဓိကလုပ်ငန်းများတွင် ၁၃ ကြိမ်မြောက် ငါးနှစ်စီမံကိန်း၏ ရည်မှန်းချက်များအတိုင်း ရရှိအောင်တိုးတက် ဆောင်ရွက်နိုင်ခဲ့သည်။ ကဏ္ဍတိုင်းတွင် သင့်တင့်မျှတသောချမ်းသာကြွယ်ဝမှုရှိသည့် လူ့အဖွဲ့အစည်းအဆောက်အအုံတစ်ခုအား တည်ဆောက် နိုင်ရန် ခြေလှမ်းသစ်များ ကိုချမှတ်ဆောင်ရွက်နိုင်ခဲ့သည်။

တရုတ်နိုင်ငံ၏ နှစ်စဉ်အဓိကဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များနှင့်လုပ်ငန်းများမှာလည်း မျှော်မှန်းသည့် အတိုင်းကောင်းစွာပြီးစီးဆောင်ရွက်နိုင်ခဲ့သည်။နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းက ကမ္ဘာ့အဓိကစီးပွား ရေးအင်အားကြီးနိုင်ငံများအကြား ထိပ်ဆုံးမှဦးဆောင်နိုင်ခဲ့သည်။တရုတ်နိုင်ငံအနေနှင့် ၂၀၁၉ ခုနှစ်တွင် ခန့်မှန်းပြည်သူ ၁၀ သန်းကျော်ကိုဆင်းရဲမှုအခြေအနေမှလွတ်မြောက်စေနိုင်ခဲ့ပြီး ဆင်းရဲမှုဒဏ်ခံနေရ သော ခရိုင် ၃၄၀ ကိုလည်း ထိုအခြေအနေမှမြှင့်တင်ပေးနိုင်ခဲ့သည်။

ရှန်ဟိုင်းစတော့အိတ်ချိန်း(STAR ဈေးကွက်) ဖွင့်ပွဲ 5G ကွန်ရက် ကြော်ငြာဘုတ် တရုတ်နိုင်ငံတောင်ပိုင်း Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Silin မြို့အလှ နှင့် ဟဲပေပြည်နယ်Tangshan ဆိပ်ကမ်း မြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

(၉) တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် အမေရိကန်ပြည်ထောင်စုတို့က ကုန်သွယ်ရေး သဘောတူညီမှု ပထမအဆင့်ချုပ်ဆို

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား စီးပွားရေးနှင့်ကုန်သွယ်ရေးဆွေး နွေးညှိနှိုင်းမှုများက ၂၀၁၉ ခုနှစ်အတွင်း အဓိကအခက်အခဲအခြေအနေများနှင့်ရင်ဆိုင်နေခဲ့ရသည်။အ မေရိကန်ပြည်ထောင်စု က တရုတ်နိုင်ငံ၏ထုတ်ကုန်ပစ္စည်းများကို အထူးကုန်သွယ်မှုအတားအဆီးများ ပြုလုပ်ခဲ့ပြီးတရုတ်နိုင်ငံဘက်မှလည်း အပြင်းအထန်ဆန့်ကျင်ကန့်ကွက်ခဲ့ကာ တန်ပြန်ဆောင်ရွက်မှုများ ပြုခဲ့သည်။

ဒီဇင်ဘာလ ၁၃ ရက်တွင် ညီမျှမှုနှင့်အပြန်အလှန်လေးစားမှု တို့အပေါ်အခြေခံကာနှစ်နိုင်ငံအကြားစီးပွားရေးနှင့်ကုန်သွယ်ရေးသဘောတူစာချုပ်ပထမအဆင့်ကို ချုပ်ဆိုနိုင်ခဲ့ကြောင်းတရုတ်နိုင်ငံကကြေ ညာခဲ့သည်။ထိုသဘောတူစာချုပ်က တရုတ်နှင့်အမေရိကန် နှစ်နိုင်ငံကိုသာမက တစ်ကမ္ဘာလုံးအတွက် အကျိုးရှိစေမည်ဟုမျှော်လင့်ရသည်။

တရုတ်အမေရိကန် စီးပွားရေးနှင့်ကုန်သွယ်ရေးဆွေးနွေးပွဲ နှင့်ပတ်သက်၍ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီပြန်ကြားရေးရုံးမှ ဒီဇင်ဘာ ၁၃ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်(ဆင်ဟွာ)

(၁၀ ) “တစ်နိုင်ငံ စနစ်နှစ်မျိုး” ကျင့်သုံးခြင်း ၊ ဟောင်ကောင် နှင့် မကာအို အရေးတွင် ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ခြင်း

နိုဝင်ဘာ ၁၄ ရက်က တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဘရာဇီးနိုင်ငံ၌ ၁၁ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးတက်ရောက်စဉ်အတွင်း ဟောင်ကောင်အရေးနှင့်ပတ်သက်၍ တရားဥပဒေစိုးမိုးရေးပျက်ပြားအောင် အကြမ်းဖက်မှုနှင့်ဗရမ်းဗတာဖြစ်မှုများကို သွတ်သွင်းနေမှုအပေါ် ၎င်း၏ ရပ်တည်ချက်ကို ရှင်းလင်းပြတ်သားစွာ ထုတ်ဖော်ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၆ ရက်တွင် သမ္မတရှီသည် ပေကျင်းမြို့သို့တာဝန်ဖြင့် အလည်အပတ်ရောက်ရှိနေသည့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးကယ်ရီလမ်း(Carrie Lam) နှင့်တွေ့ဆုံစဉ် “ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ ၊ လုံခြုံရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို ထိန်းသိမ်းရန် ၊ တစ်နိုင်ငံ စနစ်နှစ်မျိုး စည်းမျဉ်းစည်းကမ်းကို အကောင်အထည်ဖော်ရန် နှင့် ဟောင်ကောင်အရေးနှင့်ပတ်သက်၍ မည်သည့် ပြင်ပအင်အားစု၏ ဝင်ရောက်စွက်ဖက်မှုကိုမဆို ဆန့်ကျင်ရန် သန္နိဌာန်ခိုင်မာစွာချမှတ်ထားပါတယ် ” ဟုပြောကြားခဲ့သည်။

တရုတ်နိုင်ငံတောင်ပိုင်း မကာအိုမြို့တွင် ရွှေကြာပန်းပုံ ပန်းပုရုပ်တုအား ဒီဇင်ဘာ ၁၃ က ရိုက်ကူးထားစဉ်(ဆင်ဟွာ)

ဒီဇင်ဘာ ၂ဝ ရက်တွင် အမိမြေသို့မကာအိုပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား နှင့် ပဉ္စမမြောက် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ(SAR) အစိုးရဖွဲ့စည်းခြင်းအခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတက်ရောက်စဉ် သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ဟောင်ကောင်နှင့်မကာအို အရေးကိစ္စရပ်များတွင် မည်သည့်ပြင်ပအင်အားစုများ၏ ဝင်ရောက်စွက်ဖက်မှုကိုမျှ ခွင့်ပြုမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။(Xinhua)