Connect with us

Environment, Disasters & Accidents

လင်းယုန်၊ သိမ်းငှက်၊ စွန် နှင့် ရှားပါးငှက်မျိုးစိတ်များ အမဲလိုက်ပြိုင်ပွဲ မန္တလေးမြို့၌ ကျင်းပ

ရှားပါးငှက်မျိုးစိတ်များ အမဲလိုက်ပြိုင်ပွဲအားတွေ့ရစဉ် (ဓာတ်ပုံ- ကြေးမုံ)

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ မြင်းစီးကွင်း၌ ရှားပါးငှက်မျိုးစိတ်များ၏ အမဲလိုက်ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်က ကျင်းပခဲ့သည်ကို ကြေးမုံသတင်းစာတွင် ယနေ့ဖော်ပြထားသည်။

အဆိုပါပြိုင်ပွဲကို Myanmar Flaconer’s Club မှ  ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး လူနှင့်ငှက်ယှဉ်တွဲ အမဲလိုက်ခြင်း၊ လေထဲ၌ ဝဲပျံခြင်း၊ သားကောင်အတုအားကစားခြင်းများကို သရုပ်ဖော်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင် ငှက်များအတွက် ပြိုင်ပွဲတစ်မျိုးလျှင် ပထမဆု တစ်ဆုတည်းသာ ရွေးချယ်၍ ဆုဖလားနှင့် ငွေကျပ်တစ်သိန်းစီ ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ယင်းပြိုင်ပွဲကို မြန်မာတစ်နိုင်ငံလုံးမှ အမဲလိုက် ရှားပါးငှက်မျိုးစိတ် ပညာရှင်၊ ဝါသနာရှင်များနှင့်အတူ လင်းယုန်၊ သိမ်းငှက်၊ စွန် စသည့် ရှားပါးငှက်မျိုးစိတ်များ ပါဝင်ယှဉ်ပြိုင်ကြပြီး ရှားပါးငှက်မျိုးစိတ်များအား တန်ဖိုးထား မွေးမြူလာနိုင်စေရန်နှင့် တစ်နိုင်ငံလုံးရှိ မွေးမြူသူ အချင်းချင်း ရင်းနှီးချစ်ခင်စွာ တွေ့ဆုံခွင့်ရရန်ရည်ရွယ်၍ ရန်ကုန်မြို့တွင် နှစ်ကြိမ်ကျင်းပခဲ့ပြီး ယခု တတိယအကြိမ်အဖြစ် မန္တလေးမြို့၌ ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.