Connect with us

Science & Technology

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာ့လီ-ရွှေလီ မီးရထားလမ်းရှိ နုကျန်းမြစ်ကျော် ရထားလမ်းဂုံးတံတားကြီး၏ပင်မအဓိကအပိုင်း ဆောက်လုပ်ပြီးစီး

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာ့လီ-ရွှေလီ မီးရထားလမ်းရှိ နုကျန်းမြစ်ကျော် ရထားလမ်းဂုံးတံတားကြီးအား ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေါင်ဆန်း၊ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ)

China Railway 18 Bureau Group Co.,Ltd မှ တာဝန်ယူတည်ဆောက်ထားသော ကမ္ဘာ့ ခန်းဖွင့်အကျယ်ဆုံးရထားဖြတ်ကူးဂုံးတံတားကြီးဖြစ်သည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာ့လီ-ရွှေလီ မီးရထားလမ်းရှိ နုကျန်း(NuJiang)မြစ်ကျော် ရထားလမ်းဂုံးတံတားကြီး၏ ပင်မအစိတ်အပိုင်းကို ဒီဇင်ဘာ ၃၀ ရက်က ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။ ၎င်းမှာ တာ့လီ-ရွှေလီ ရထားလမ်း၏အဓိကခက်ခဲသည့်ဆောက်လုပ်ရေး လုပ်ငန်းကို အောင်မြင်ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ 

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာ့လီ-ရွှေလီ မီးရထားလမ်းရှိ နုကျန်းမြစ်ကျော် ရထားလမ်းဂုံးတံတားကြီးအား ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာ့လီ-ရွှေလီ မီးရထားလမ်းရှိ နုကျန်းမြစ်ကျော် ရထားလမ်းဂုံးတံတားကြီးအား ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာ့လီ-ရွှေလီ မီးရထားလမ်းရှိ နုကျန်းမြစ်ကျော် ရထားလမ်းဂုံးတံတားကြီးအား ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာ့လီ-ရွှေလီ မီးရထားလမ်းရှိ နုကျန်းမြစ်ကျော် ရထားလမ်းဂုံးတံတားကြီးအား ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာ့လီ-ရွှေလီ မီးရထားလမ်းရှိ နုကျန်းမြစ်ကျော် ရထားလမ်းဂုံးတံတားကြီးအား ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ) 

တာ့လီ-ရွှေလီ ရထားလမ်းရှိ နုကျန်းမြစ်ကျော် ရထားလမ်းဂုံးတံတားကြီးသည် ယူနန်ပြည်နယ် ပေါင်ဆန်းမြို့ ရှီးမြန်ခရိုင်နှင့် လုံလင်းခရိုင် အဆက်ကြားတွင်တည်ရှိပြီး တံတား၏စုစုပေါင်းအရှည်မှာ ၁၀၂၄ ဒသမ၂ မီတာ၊ တံတားကုန်းပတ်အကျယ် ၂၅ မီတာဖြင့် ရထားလမ်းကြောင်းလေးခုရှိတံတား(four-railway-line station bridge) ဒီဇိုင်း ဖြစ်ကြောင်း သိရသည်။ တံတား၏ mainspanသည် single spanဖြစ်ပြီး အရှည် ၄၉၀ မီတာရှိသည့် သံမဏိဂုံးတံတား ဖြစ်ရာ လက်ရှိ ကမ္ဘာ့ရထားလမ်းဂုံးတံတားများအနက် ခန်းဖွင့်အကျယ်ဆုံး ဂုံးတံတား  ဖြစ်ကြောင်းသိရသည်။ တာ့လီ-ရွှေလီရထားလမ်း ဆောက်လုပ်ပြီးစီးအသုံးပြုနိုင်ပါက  ရထားသွားလာချိန်သည် လက်ရှိ မော်တော်ယာဉ်သယ်ယူပို့ဆောင်ရေးအချိန် ၆ နာရီကြာရှိရာမှ  ၂ နာရီခန့်သာကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.