ထရီပိုလီ ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီတွင် စက်တင်ဘာ ၂၁ ရက်က ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခ များကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး ၅၉ ဦး ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့အနက် အများစုမှာ အရပ်သားပြည်သူ များ...
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံ-မိုင်းလား သွားလမ်းမပေါ်တွင် ယနေ့ နံနက် ၃နာရီခွဲ၌ ကျပ် သိန်း ၂၅,၀၀၀တန်ဖိုးရှိ မူးယစ်ဆေးဝါး ICEများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်မောင်းဘွမ် ကျေးရွာအနီးရှိ စွန့်ပစ်မြေစာပုံဟောင်းသည် စက်တင်ဘာ ၂၂ရက် နံနက် ၁၁နာရီတွင် ပြိုကျမှုဖြစ်ပွားပြီးနောက် မြေပိမိရာမှ တစ်ဆင့် လူ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဒါအိစလန် ၊ စက်တင်ဘာ၂၃ ရက်(ဆင်ဟွာ) တန်ဇန်းနီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ Mwanza ပြည်နယ်တွင် လွန်ခဲ့သည့်ရက် အနည်းငယ် ဖြစ်ပွားခဲ့သည့် ရေယာဉ်နစ်မြုပ်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၂၀၉ ဦး ရောက်ရှိသွားပြီဖြစ်ကြောင်း တန်ဇန်းနီးယားအရာရှိတစ်ဦးက စက်တင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
လန်ဒန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) အင်္ဂလန်နိုင်ငံ အရှေ့ပိုင်း ကိန်းဘရစ်မြို့ရှိ ဆေးရုံတစ်ရုံ၏ ဒိုင်းနေရာတွင် စက်တင်ဘာလ ၂၂ ရက်က ပျားကောင်ရေ ၆၀,၀၀၀ ခန့်ရှိသော ပျားအုံကြီးတစ်အုံအား တွေ့ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၁ ရက်တွင် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁ဝ ဒသမ ၇၂၂ သန်းခန့်ရှိ တရားမဝင် ကုန်စည်များ သိမ်းဆည်းရမိခဲ့ကြောင်း...
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) ကယားပြည်နယ်အတွင်း လာရောက်ရင်းနှီး မြှုပ်နှံသည့် ကုမ္ပဏီ အရေအတွက်၊ ရင်းနှီးမြှုပ်နှံမှု အမျိုးအစားများ၊ ကုမ္ပဏီ တစ်ခုချင်းအလိုက် ရင်းနှီးမြှုပ်နှံငွေများ၊ ပြန်လည်ရရှိလာမည့် အကျိုးကျေးဇူးများ၊ လစဉ်တိုးတက်မှု အခြေအနေများကို ခြုံငုံသုံးသပ်၍ လစဉ်အစီရင်ခံစာတွင် ထည့်သွင်း၍ နိုင်ငံတော်သမ္မတထံသို့ တင်ပြသွားမည် ဖြစ်ကြောင်း ပြည်နယ်ရင်းနှီးမြှုပ်နှံမှု...
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲကို နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် နိုဝင်ဘာ ၁၂ ရက်မှ ၁၇ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီး မြို့နယ်၊ တောပြာကြီး ကျေးရွာအုပ်စုအတွင်းရှိ စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းမှ စုစုပေါင်းစွန့်လွှတ် မြေဧရိယာ (၃၃၂) ဧကကို မူလတောင်သူ (၂၇) ဦးထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃) များ ပြန်လည်ပေးအပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ...
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာချောင်းတမံပင်မရေပိုလွှဲ ကျိုးပေါက်မှုကြောင့် မျောပါသွားသည့် လူနေအိမ် ၁၆၁ လုံးအား မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်မှ အခမဲ့တည်ဆောက်ပေးမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။