Connect with us

Economy

တရုတ်နိုင်ငံတွင် ကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ပြည်ပစီးပွားရေးလုပ်ငန်းများအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးမည်ဟု ကတိပြု

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဗဟိုမှ တိုက်ရိုက်အုပ်ချုပ်သော မြို့တစ်ခုဖြစ်သည့် ချုံချင့်မြို့ရှိ စက်ရုံ လုပ်ငန်းခွင်အားတွေ့ရစဉ် (ဆင်ဟွာ

ပေကျင်း၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီးပွားရေးဝန်ကြီးဌာန (MOC) သည် ဖေဖော်ဝါရီ ၁၀ ရက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့်ကာလအတွင်း နိုင်ငံခြားရင်းနှီးငွေဖြင့် လုပ်ကိုင်သော စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ထောက်ပံ့ပေးရန် ဒေသခံအာဏာပိုင်များအား ညွှန်ကြားထားကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးငွေဖြင့် လုပ်ကိုင်သော စီးပွားရေးလုပ်ငန်းများအား စနစ်တကျရှိသော ပုံစံအတိုင်း ထုတ်လုပ်မှုနှင့် လည်ပတ်မှု ပြန်လည်စတင်ရေးအတွက် ကူညီရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

ကျန်းမာရေးဆိုင်ရာ ကာကွယ်ရေးဝတ်စုံများ၊ နှာခေါင်းစည်းများ၊ ရေကာလေကာမျက်မှန်များနှင့် အခြား အကာအကွယ်ပစ္စည်းများ ထုတ်လုပ်နေသည့် နိုင်ငံခြားရင်းနှီးငွေဖြင့် လုပ်ကိုင်သော စီးပွားရေးလုပ်ငန်းများ၏ တောင်းဆိုချက်နှင့် ကိုက်ညီရန် ခိုင်မာသော ဆောင်ရွက်ချက်များကို ဖော်ဆောင်ရန် ဝန်ကြီးဌာနက ပြောခဲ့သည်။

MOC က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးများအတွက် ထောက်ပံ့မှုပေးရန် အလေးထားပြောကြားခဲ့ကြောင်း၊ ၎င်းတို့၏ အခက်အခဲများနှင့် ရောဂါဖြစ်ပွားမှု၏ သက်ရောက်မှုများ လျော့ကျစေရေး အဖြေရှာရန် ဆွေးနွေးညှိနှိုင်းထားသော ကြိုးပမ်းအားထုတ်မှုများအတွက်လည်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဆက်လက်၍ ပြည်တွင်းနှင့် ပြည်ပ စီးပွားရေးလုပ်ငန်းများအား သာတူညီမျှ ဆက်ဆံမှုပေးသွားမည်ဖြစ်ကြောင်း၊ မျှတ၍ ပွင်းလင်းမြင်သာမှုရှိပြီး ကြိုတင်ခန့်မှန်းနိုင်သော ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တစ်ခု ဖန်တီးရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။ (Xinhua)