Connect with us

Social

တရုတ်နိုင်ငံ၏ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို ကူညီမှု အနေဖြင့် မြန်မာ ပြည်တွင်း ကုမ္ပဏီများက တရုတ် သံရုံးသို့ Mask များ လှူဒါန်း

မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယာယီတာဝန်ခံ ဒေါ်နွဲ့ကလျာက လာရောက် လှူဒါန်းသည့် Mask များအား လက်ခံ ရယူစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ၏ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို တစ်ဖက်တစ်လမ်းမှ ကူညီမှု အနေဖြင့် မြန်မာ ပြည်တွင်း ကုမ္ပဏီ နှစ်ခုသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံရုံးသို့ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များအား ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်တွင် လာရောက် ပေးအပ် လှူဒါန်းခဲ့ရာ သံရုံး ယာယီတာဝန်ခံ ဒေါ်နွဲ့ကလျာ (Ms.Li Xiaoyan)က လက်ခံခဲ့သည်။

ထိုသို့ လှူဒါန်းမှုများ အပေါ် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံရုံး ယာယီတာဝန်ခံ ဒေါ်နွဲ့ကလျာက “ဒီလှူဒါန်းခြင်းဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထုကြားမှာ အလွန် ထူးခြားတဲ့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ရှိတာကို ဖော်ပြနိုင်မှာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယာယီတာဝန်ခံ ဒေါ်နွဲ့ကလျာက လာရောက် လှူဒါန်းသည့် Mask များအား လက်ခံ ရယူစဉ်(ဆင်ဟွာ)

 မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယာယီတာဝန်ခံ ဒေါ်နွဲ့ကလျာ နှင့် ကုမ္ပဏီ တာဝန်ရှိသူများအား အတူတကွ တွေ့ရစဉ်(ဆင်ဟွာ) 

မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယာယီတာဝန်ခံ ဒေါ်နွဲ့ကလျာက မီဒီယာများအား ဖြေကြားနေစဉ်(ဆင်ဟွာ)

Young Insurance ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးသီဟအောင်က မီဒီယာများအား ဖြေကြားနေစဉ်(ဆင်ဟွာ) 

 Htoo Thit ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးဇော်လင်းက မီဒီယာများအား ဖြေကြားနေစဉ်(ဆင်ဟွာ) 

နောက်ပြီးတော့ ကျွန်မတို့တွေ ယုံကြည်စိတ် ရှိပါတယ်။ နိုင်ငံတကာ အဘက်ဘက်ရဲ့ ပူးပေါင်း ဆောင်ရွက်မှု ၊ ထောက်ခံ အားပေးမှု အောက်မှာ အထူးသဖြင့် တရုတ် ပြည်တွင်းက ခေါင်းဆောင်ရဲ့ ဦးဆောင်မှု အောက်မှာ ပြည်သူလူထုရဲ့ အစွမ်းကုန် ပူးပေါင်း ဆောင်ရွက်မှုအောက်မှာ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ထားပါတယ်။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို တစ်ဖက်တစ်လမ်းမှ ကူညီရန် မြန်မာ ပြည်တွင်း ကုမ္ပဏီများ ဖြစ်ကြသည့် Young Insurance ကုမ္ပဏီလီမိတက်မှ နှာခေါင်းစည်း(Mask) ၃ သောင်း ၊ Htoo Thit ကုမ္ပဏီလီမိတက်မှ  နှာခေါင်းစည်း(Mask) ၆ ထောင် လာရောက် လှူဒါန်းခဲ့ပြီး  မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံရုံးက ဂုဏ်ပြုလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။ 

Young Insurance ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးသီဟအောင်က “အခု လက်ရှိ  ဖြစ်နေတဲ့ ရောဂါ ဘေးဆိုးကြီးကို တရုတ်နိုင်ငံ အနေနဲ့အမြန်ဆုံး ကျော်လွှားနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။  တရုတ်နိုင်ငံ တစ်နိုင်ငံ တည်း အတွက် မဟုတ်ပါဘူး။ ကျွန်တော်တို့ သက်ရှိ လူသားတိုင်းအတွက် ကျွန်တော်တို့  အတူတကွ ပူးပေါင်းပြီး ဒီ ဗိုင်းရပ်စ်ပိုး အန္တရာယ်ကို ချေမှုန်းဖို့ လိုအပ်ပါတယ်။ တရုတ်အစိုးရ အနေနဲ့လည်း ဒီ ဗိုင်းရပ်စ်ပိုး ပြန့်ပွားမှုကို ထိန်းချူပ်နိုင်တာကိုတွေ့ရတဲ့ အတွက် အကောင်းဆုံး လုပ်နိုင်တယ်လို့ မြင်ပါတယ်။ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ကျန်းမာရေး အခြေအနေတွေ ကောင်းမွန်ပြီး ဒီရောဂါ ဘေးဆိုးကြီးကနေ အမြန်ဆုံး ကျော်လွှာနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။”ဟု ပြောကြားခဲ့သည်။

Htoo Thit ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးဇော်လင်းက “ဒီရောဂါဆိုးကြီးကို ကျော်လွှားနိုင်ပါစေလို့ အမြဲတမ်း မေတ္တာပို့ပါတယ်။ ကျွန်တော်တို့ ထောက်ပံ့တာကတော့ တရုတ်ပြည်သူအနေအထားနဲ့ဆိုရင်တော့ အစွန်းအစလောက်ပဲ ရှိပါတယ်။ သို့သော်လည်း အိမ်နီးနားချင်း မြန်မာပြည်သူပြည်သားတစ်ယောက်အနေနဲ့ အားပေးတဲ့အနေနဲ့၊ စိတ်ဓာတ် မကျအောင်ရယ်၊ ဒီကပ်ကြီးလည်း အမြန်ကျော်လွှားနိုင်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှူဒါန်းတာပါ။”ဟု ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံရုံး အနေဖြင့် ယခု လာရောက် လှူဒါန်းသည့် ပစ္စည်းများကို လိုအပ်သည့် နေရာများ ၊ ပြည်သူလူထုများထံ အမြန်ဆုံး ပို့ပေးသွားရန် စီစဉ် ဆောင်ရွက်ထားကြောင်း သိရသည်။ (Xinhua)