Connect with us

North America

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ငွေ ဒေါ်လာ ၇၀၅ ဘီလီယံကျော် တောင်းခံထား

ဆီးရီးယားနိုင်ငံရှိ ကာဒ့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPG)ဌာနချုပ်တွင် အမေရိကန်စစ်သည်များအားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက လာမည့် ၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၀၅ ဒသမ ၄ ဘီလီယံ တောင်းခံထားကြောင်း ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်သည့် လွှတ်တော်သို့ပေးပို့သော အမေရိကန်သမ္မတအိမ်ဖြူတော်၏ အဆိုပြုချက်တစ်စောင်အရ သိရသည်။

အောက်တိုဘာ ၁၂ ရက် မှစတင်မည့် ၁၂ လတာကာလအတွင်း အခြေပြုဘတ်ဂျက်ငွေ ၆၃၆ ဒသမ ၄ ဘီလီယံ အပါအဝင် ၊ စစ်ပွဲဘတ်ဂျက်ဟုခေါ်ဆိုသည့် နိုင်ငံရပ်ခြား စစ်ဆင်ရေးအစီအစဉ်များအတွက် အသုံးစရိတ်ငွေ ၆၉ ဘီလီယံကို အဆိုပြုတောင်းခံထားကြောင်း သိရသည်။

ကဏ္ဍစုံအားလုံး ထည့်ထွက်ပါက အမေရိကန်အစိုးရ၏ လျာထားဘတ်ဂျက်ငွေသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ထရီလီယံ ရှိခဲ့သည်။ ကာကွယ်ရေးဌာန ထပ်ဆောင်း ခွဲတမ်းအသုံးစရိတ်ကို ၀ ဒသမ ၃ ရာခိုင်နှုန်း တိုးမြှင့်လိုက်သည့်အတွက် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ ဘတ်ဂျက်ငွေမှာ ဒေါ်လာ ၇၄၀ ဒသမ ၅ ဘီလီယံထိ ရောက်ရှိသွားကြောင်း နှင့် ယင်းတို့ထဲတွင် အရေးပေါ်ဌာန နှင့် အခြားအေဂျင်စီများ လက်အောက်တွင် ဆောင်ရွက်နေသည့် နျူကလီးယားလက်နက်များအစီအစဉ်အတွက် အသုံးစရိတ်ငွေများလည်း ပါဝင်ကြောင်း သိရသည်။

နှစ်ပတ်လည် ဘတ်ဂျက်လျာထားမှုသည် အမေရိကန်အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးဆိုင်ရာ အစီအမံများအပေါ် ထင်ဟတ်စေပြီး ယင်းအဆိုပြုငွေများရရှိရန် လွှတ်တော်၏ အတည်ပြုချက် စောင့်ဆိုင်းရမည်ဖြစ်ကြောင်း သိရသည်။(Xinhua)