Connect with us

Social, Education & Health

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပေကျင်းမြို့ရှိ  နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေး

တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်း ရှီကျင့်ဖိန် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် မြို့တော် ပေကျင်းရှိ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းသို့ ယနေ့ဖေဖော်ဝါရီ ၁၀ ရက်တွင်  သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ 

တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်း ရှီကျင့်ဖိန် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီသည် ပေကျင်းမြို့ ချောင်ယန်းခရိုင်၊ အန်ဟွာလီရပ်ကွက်သို့ သွားရောက်ကာ ကနဦးအဆင့် ကပ်ရောဂါကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းနှင့် နေ့စဉ်သုံးမရှိမဖြစ်လိုအပ်ချက်များ ထောက်ပံ့ခြင်းများအား သွားရောက်လေ့လာခဲ့သည်။ ထို့ပြင် သမ္မတ ရှီသည် ဒေသခံများနှင့် လူမှုအသိုက်အဝန်း အလုပ်သမားများအား ချီးကျူးဂုဏ်ပြုစကားဆိုခဲ့ကြောင်း သိရသည်။  (Xinhua)