ဘန်ကောက်၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်းရခက်ဆီးမားမြို့ ဈေးဝယ်စင်တာတွင် တိုက်ခိုက်သူ သေနတ်သမားကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၅ နာရီ မိနစ် ၃၀ ခန့်က အသေပစ်ခတ်ဖမ်းမိခဲ့ကြောင်း ဒေသခံသတင်းမီဒီယာများ၏ ဖေဖော်ဝါရီ ၉ ရက်သတင်းများအရ သိရသည်။
ဘန်ကောက်၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်းရချက်ဆီးမားမြို့(Nakhon Ratchasima)၌ ဖေဖော်ဝါရီ ၈ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားရာ လက်ရှိတွင် လူ ၂၀ သေဆုံးပြီး ၃၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာများ၏ သတင်းများအရ သိရသည်။
ရှန်ဟိုင်း၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားရာ ဝူဟန့်မြို့ရှိ အဓိကဆေးရုံများ၌ ရောဂါပျံ့နှံ့မှု ထိန်းချုပ်ရန် ရှန်ဟိုင်းစီးပွားရေးကုမ္ပဏီတစ်ခုမှ ပုံစံထုတ်ထားကာ ထုတ်လုပ်ထားသော ပိုးသတ်ဆေးဖျန်း စက်ရုပ် ၃၀ ကျော်ဖြင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးစီမံချက်က နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ရောဂါပြင်းထန်သူများအား ကုသရန် ဗဟိုဘတ်ဂျက်မှ ယွမ် သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၆၇ သန်းခန့်) ရင်းနှီးမြှုပ်နှံထားခဲ့ကြောင်း သိရသည်။
ဆိုးလ် ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင်း က တောင်ကိုရီးယား နှင့် တရုတ် နိုင်ငံ တို့ က အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြပြီး အိမ်နီးချင်း နိုင်ငံ အား ကူညီခြင်း သည် မိမိ...
ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) ၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် အတွက် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာအနေဖြင့် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲပေါင်း ၇ ခု ကိုယှဉ်ပြိုင်သွားရန်ရှိပြီး လေ့ကျင့်မှုများအား အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သက်ထားသူဇာ က ဆင်ဟွာကိုပြောသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းမှ ပြန်လည်သက်သာလာပြီးနောက် ဆေးရုံအသီးသီးမှဆင်းခွင့်ရခဲ့သူ အရေအတွက်မှာ ဖေဖော်ဝါရီ ၆ ရက်ညပိုင်းအထိ ၁,၅၄၀ ဦးအထိရှိလာခဲ့ကြောင်း တရုတ် ကျန်းမာရေး အာဏာပိုင်များက ဖေဖော်ဝါရီ ၇ ရက်၌ ကြေညာခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊မြောက်ဒဂုံ ပင်လုံလမ်းမပေါ် (၃၅)ရပ်ကွက် ကျောင်းလမ်းရှိ CB Bank (မြောက်ဒဂုံဘဏ်ခွဲ) အား ယနေ့ နံနက် ၉နာရီဝန်းကျင်က ဓားပြတိုက်ပြီး ဗုံးအတု ထောင်ခဲ့သော အဓိကတရားခံအား ဆက်လက်ရှာဖွေနေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု တိုက်ဖျက်ရေးနှင့် ထိန်းချုပ်ရေးများအတွက် ကမ္ဘာ့နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများစွာက အကူအညီပစ္စည်းများနှင့် အခြားအထောက်အပံ့များအား ပေးပို့ခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) ပြည်တွင်းအခွန်းများဦးစီးဌာနသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ယာဉ်တန်ဖိုးစံနှုန်းများသတ်မှတ်ရာတွင် ပိုမိုနီးစပ်မျှတမှုရှိနိုင်မည့် စံနှုန်းများဖြစ်စေရန် မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်းများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ရန် အစီအစဉ် ရှိသည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြည်သူ့လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။