Connect with us

Social, Education & Health

တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ ကူညီပစ္စည်းများ ပေးပို့

တရုတ်နိုင်ငံ ဟူပေပြည်နယ်၊ ဝူဟန့်မြို့ရှိ ဝူဟန့်ထျန်ဟဲ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ပစ္စည်းများ ရောက်ရှိလာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု တိုက်ဖျက်ရေးနှင့် ထိန်းချုပ်ရေးများအတွက် ကမ္ဘာ့နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများစွာက အကူအညီပစ္စည်းများနှင့် အခြားအထောက်အပံ့များအား ပေးပို့ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ဖေဖော်ဝါရီ ၆ ရက် ဒေသစံတော်ချိန် မွန်းတည့် ၁၂:၀၀ နာရီအထိ ဘယ်လာရုစ်၊ ပါကစ္စတန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ မော်လ်ဒိုက်၊ မြန်မာ၊ ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ ဩစတြီးယား၊ ဟန်ဂေရီ၊ ကာဇက်စတန်၊ လတ်ဗီးယား၊ အက်စ်တိုနီးယား၊ တူရကီ၊ အီရန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အယ်လ်ဂျီးရီးယား၊ အီဂျစ်၊ အီကွေတာ ဂီနီ၊ ဩစတြေးလျ၊ နယူးဇီလန်၊ ကနေဒါ၊ ထရီနီဒတ်နှင့်တိုဘာဂို နှင့် ဂါနာ စသည့်နိုင်ငံများနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေေထံမှ ရောဂါတိုက်ဖျက်ရေးအတွက် အသုံးအဆောင်ပစ္စည်းများနှင့် အခြားအကူအညီများ လက်ခံရရှိခဲ့ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ရုရှား၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ အီရန်၊ ဗြိတိန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဆော်ဒီအာရေဗျနှင့် ပီရူး စသည့်နိုင်ငံများရှိ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ ချစ်ကြည်ရေးအဖွဲ့ဝင်များနှင့် ပြည်ပရောက် တရုတ်လူမျိုး အသိုင်းအဝိုင်းများကလည်း လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ 

ထို့ပြင် အမေရိကန်နိုင်ငံရှိ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ဆေးဘက်ဆိုင်ရာ ရှာဖွေရေးကိရိယာ လှူဒါန်းခဲ့ကြောင်း၊ တောင်ကိုရီးယား၊ ရုရှားနှင့် မလေးရှား နိုင်ငံများမှ အဖွဲ့အစည်းများကလည်း ရောဂါပိုးကာကွယ်ရေးဝတ်စုံများ၊ ရေကာလေကာမျက်မှန်များနှင့် ကျန်းမာရေးသုံး နှာခေါင်းစည်းများအား အကြိမ်များစွာ ကူညီပေးခဲ့ကြောင်း သိရသည်။ (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117