Connect with us

Social, Education & Health

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းမှ ပြန်လည်သက်သာလာပြီး ဆေးရုံမှ ဆင်းခွင့်ရသူ ၁,၅၄၀ ဦးအထိရှိလာ

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ ဆေးရုံတစ်ရုံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဆုတ်ရောင်ရောဂါဖြစ်ပွားပြီး သက်သာပျောက်ကင်းသွားသူများအား ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းမှ ပြန်လည်သက်သာလာပြီးနောက် ဆေးရုံအသီးသီးမှဆင်းခွင့်ရခဲ့သူ အရေအတွက်မှာ ဖေဖော်ဝါရီ ၆ ရက်ညပိုင်းအထိ ၁,၅၄၀ ဦးအထိရှိလာခဲ့ကြောင်း တရုတ် ကျန်းမာရေး အာဏာပိုင်များက ဖေဖော်ဝါရီ ၇ ရက်၌ ကြေညာခဲ့သည်။

ဖေဖော်ဝါရီ ၆ ရက်တွင် လူပေါင်း ၃၈၇ ဦး (ဟူပေပြည်နယ်တွင် ၁၈၄ ဦး) သည် ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရခဲ့ကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင်က နေ့စဉ်အစီရင်ခံစာ၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံ ပြည်နယ်အဆင့် ဒေသ ၃၁ ခုနှင့် ရှင်းကျန်း ထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေး ကော်ပိုရေးရှင်း၌ ဖေဖော်ဝါရီ ၆ ရက်ညပိုင်းအထိ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၁,၁၆၁ ဦးရှိခဲ့ပြီး သေဆုံးသူ ၆၃၆ ဦး ရှိခဲ့ကြောင်း သိရသည်။ (Xinhua)