Connect with us

Social, Education & Health

တရုတ်နိုင်ငံက ပြင်းထန်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများအား ကုသပေးရန် ယွမ် သန်း ၂၀၀ ရင်းနှီးမြှုပ်နှံထား 

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ ဆေးရုံအဖြစ်ပြောင်းလဲထားသော “ဝူဟန့်ဧည့်ခန်းဆောင်” ၏ အတွင်းပိုင်းမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးစီမံချက်က နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ရောဂါပြင်းထန်သူများအား ကုသရန် ဗဟိုဘတ်ဂျက်မှ ယွမ် သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၆၇ သန်းခန့်) ရင်းနှီးမြှုပ်နှံထားခဲ့ကြောင်း သိရသည်။ 

အဆိုပါ ရင်းနှီးမြှုပ်နှံမှုအား ကိုရိုနာဗိုင်းရပ်စ် အဓိကဖြစ်ပွားလျက်ရှိသော ဟူပေပြည်နယ်ရှိ ဆေးရုံသုံးရုံတွင် ရောဂါပြင်းထန်သူများအတွက် ကုသဆောင်များ တည်ဆောက်ခြင်းတွင် တိုက်ရိုက်အသုံးပြုမည်ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်က ပြောကြားခဲ့သည်။

၎င်းရင်းနှီးမြှုပ်နှံမှုများကို ရောဂါပြင်းထန်သူများကို ပိုမိုကုသမှုပေးနိုင်ရန် အသက်ရှူကိရိယာများနှင့် ECG မော်နီတာများ အပါအဝင် အဓိကလိုအပ်သော ကျန်းမာရေးသုံးကိရိယာများ ဝယ်ယူရာ၌ အသုံးပြုသွားမည်ဟု ဆိုသည်။

အနာဂတ် ရင်းနှီးမြှုပ်နှံမှုများတွင်လည်း ဗိုင်းရပ်စ်တိုက်ဖျက်ရန် ကျန်းမာရေးကုသမှုနှင့် စောင့်ကြပ်ကြည့်ရှုခန်းများအတွက် ဦးစားပေးသွားမည်ဖြစ်ကြောင်း ကော်မရှင်၏ ပြောကြားချက်အရ သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117