Connect with us

Asia

တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်မှု အပေါ် ဆက်လက်၍ တက်ကြွစွာ ထောက်ခံအားပေး သွားမည် ဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတ ပြောကြား

တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင်း နှင့် ဇနီး နှင့် တောင်ကိုရီးယား နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီးသစ် ရှင်းဟိုင်မင် တို့ စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင်း က တောင်ကိုရီးယား နှင့် တရုတ် နိုင်ငံ တို့ က အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြပြီး အိမ်နီးချင်း နိုင်ငံ အား ကူညီခြင်း သည် မိမိ နိုင်ငံ အတွက်လည်း အထောက်အကူ ဖြစ်စေသည့် အတွက် တောင်ကိုရီးယား နိုင်ငံ အစိုးရ အနေဖြင့် တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်မှု အပေါ် ဆက်လက်၍ တက်ကြွစွာ ထောက်ခံအားပေး သွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ ရက် ၌ ပြောကြား ခဲ့သည်။

တောင်ကိုရီးယား နိုင်ငံ သမ္မတ က သမ္မတ အိမ်တော် တွင် တောင်ကိုရီးယား နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီးသစ် ရှင်းဟိုင်မင် (Xing Haiming) ၏ သံအမတ် ခံအပ်လွှာ အား ပေးအပ်စဉ် အတွင်း အထက်ပါ အကြောင်းအရာ အား ပြောကြား ခဲ့ခြင်း ဖြစ်သည်။ မွန်ဂျေအင်း က တရုတ် နိုင်ငံ ပြည်သူလူထု တို့ ၏ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ ရင်ဆိုင်နေရခြင်း အပေါ် ဝမ်းနည်းမိကြောင်း နှင့် ဝေဒနာရှင် များ အား အမြန်ဆုံး ပြန်လည် ကျန်းမာစေလိုကြောင်း ၊ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ဦးဆောင်မှု အောက် တွင် တရုတ် နိုင်ငံ ပြည်သူလူထု တို့ က အခက်အခဲ များကို အမြန်ဆုံးဖြေရှင်းနိုင်မည် ဖြစ်ပြီး ပိုမို ဖွံ့ဖြိုးတိုးတက်မှု အား အကောင်အထည် ဖော်နိုင်မည် ကို ယုံကြည်ကြောင်း ၊ တောင်ကိုရီးယား-တရုတ် နှစ်နိုင်ငံ ကဏ္ဍစုံ ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု သည်လည်း ပိုမို တက်ကြွစွာ ဆောင်ရွက်နိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

တောင်ကိုရီးယား နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ရှင်းဟိုင်မင် က ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း သည် လက်ရှိချိန်တွင် အဓိက ကျသည့် အချိန်ကာလ သို့ ရောက်ရှိနေပြီး တရုတ် နိုင်ငံ အနေဖြင့် ဘက်စုံ အတင်းကျပ်ဆုံးသော ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်မှုများ ပြုလုပ်ထားကြောင်း ၊ လက်ရှိချိန်တွင် သိသာထင်ရှားသည့် အောင်မြင်မှုများ ရရှိထားပြီး တောင်ကိုရီးယား နိုင်ငံ အစိုးရ နှင့် ကဏ္ဍအသီးသီး ရှိ လူပုဂ္ဂိုလ် တို့ မှ တရုတ် နိုင်ငံ အပေါ် တက်ကြွစွာ ထောက်ခံအားပေး ခဲ့သည့် အတွက် ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)