Connect with us

Sport

သက်ထားသူဇာ အနေဖြင့်အိုလံပစ်ပြိုင်ပွဲ ဝင်ရန် လေ့ကျင့်မှုများဆောင်ရွက်လျက်ရှိပြီးအိုလံပစ်ပြိုင်ပွဲမတိုင်ခင် နိုင်ငံတကာပွဲစဉ် ၇ ပွဲကစားမည်

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ အိုလံပစ်ပြိုင်ပွဲဝင်ရန်လေ့ကျင့်မှုများ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် အတွက် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာအနေဖြင့်  ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲပေါင်း ၇ ခု ကိုယှဉ်ပြိုင်သွားရန်ရှိပြီး လေ့ကျင့်မှုများအား အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း  သက်ထားသူဇာ က ဆင်ဟွာကိုပြောသည်။ 

သက်ထားသူဇာက “လောလောဆယ် ၇ ပွဲ ယှဉ်ပြိုင်ဖို့ရှိတယ်။ လက်ရှိ ညီမ အနေနဲ့ အိုလံပစ်ပြိုင်ပွဲဝင်ဖို့ အဆင့်ကတော့ ဝင်နေပါပြီ။ အိုလံပစ်ပြိုင်ပွဲရဲ့ လျှောက်လွှာ က ဧပြီလ ကုန်မှ ဖောင်ပိတ်မှာ ဆိုတော့ ခုနပြောထားတဲ့ ပွဲတွေ ကို ဧပြီလ ဒုတိယပတ်လောက်အထိရိုက်ပြီး ကမ္ဘာ့အဆင့် ကိုတက်အောင်လုပ်ပြီး အိုလံပစ်ပြိုင်ပွဲ အတွက် ပိုသေချာအောင်ကြိုးစားသွားမှာပါ’’ ဟုပြောသည်။

 မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ အိုလံပစ်ပြိုင်ပွဲဝင်ရန်လေ့ကျင့်မှုများ ပြုလုပ်နေစဉ် (ဆင်ဟွာ)

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ အားတွေ့ရစဉ် (ဆင်ဟွာ) 

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ အားတွေ့ရစဉ် (ဆင်ဟွာ) 

အိုလံပစ်ပြိုင်ပွဲမှာ ကြက်တောင်အားကစား အတွက် စုစုပေါင်း နိုင်ငံတကာ ကစားသမား ၃၈ ယောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။ သက်ထားသူဇာ မှာ ကြက်တောင်တွင် ကမ္ဘာ့အဆင့် ၆၀ တွင် ရှိပြီး အိုလံပစ်ပြိုင်ပွဲဝင်ရောက်ဖို့ ပိုမိုသေချာစေရန် ကမ္ဘာ့အဆင့် ၄၀ မှ ၅၀ အတွင်း ရအောင်ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။ 

သက်ထားသူဇာက “အိုလံပစ် ပြိုင်ပွဲ က ကြက်တောင် အားကစားအနေနဲ့ မြန်မာနိုင်ငံက တစ်ခါမှ ဝင်မပြိုင်ဖူးသေးပါဘူး။ ညီမသာဝင်ပြိုင်ဖြစ်ခဲ့ရင် မြန်မာနိုင်ငံ အတွက် ပထမဆုံး အိုလံပစ်ပြိုင်ပွဲဝင်တဲ့ ကြက်တောင်ကစားသမားဖြစ်သွားမှာပါ။’’ ဟုပြောသည်။ 

သက်ထားသူဇာသည် နိုင်ငံတကာပြိုင်ပွဲ ၇ ပွဲအား ယှဉ်ပြိုင်ရန်အတွက် လက်ရှိ ရန်ကုန်မြို့၌ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

သက်ထားသူဇာ က “သက်လုံကောင်းအောင်ကြိုးစားပြီးလေ့ကျင့် နေပါတယ်။ သက်လုံကောင်းမှ အိုလံပစ်ပြိုင်ပွဲ အတွက်ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ကျန်းမာရေး အနေနဲ့ ကတော့ တစ်ခြားကျန်းမာရေး ပြသနာ မရှိပါဘူး။ ၂၀၁၈ ခုနှစ်တုန်းက အီဂျစ်ပြိုင်ပွဲ ပြီး လေ့ကျင့်တာတွေရော ပွဲတွေ ဆက်သွားတဲ့ အတွက် ခါးနာခဲ့ဖူးတယ်။ ခါးလေ့ကျင့်ခန်းတွေ သေချာလုပ်ပြီး ခါးကောင်းအောင်ပြန်လုပ်ခဲ့တာပါ။ အခုလည်း ခါးကိုသေချာဂရုစိုက်ပါတယ်။’’ ဟုပြောသည်။

သက်ထားသူဇာက “အခု ယှဉ်ပြိုင်ရမယ့် ပွဲတွေ ကို အကောင်းဆုံး ကြိုးစားသွားမှာပါ။ ညီမကို အားပေးကြပါလို့ ပြောချင်ပါတယ်။ကြက်တောင်ဝါသနာပါတဲ့ လူငယ်တွေ ကိုပြောချင်တာက ကိုယ်လိုချင်တဲ့ ရည်မှန်းချက် ပန်းတိုင် ကိုရောက်အောင်သွားကြပါလို့ ကိုယ်လိုချင်တဲ့ ပန်းတိုင်တွေ ရှိတယ်။ ညီမ ဆိုရင်လည်း အိုလံပစ် ပန်းတိုင်ရှိတယ်။ ညီမကိုယ်တိုင်လည်း အခက်အခဲတွေ အများကြီးရှိတယ်။ ပြိုင်ပွဲတွေ မှာလည်း နိုင်တဲ့ ဟာရှိတယ်။ ရှုံးတဲ့ ဟာရှိတယ်။ ဘယ်လိုပဲ အခက်အခဲတွေ ကြုံတွေ့ရပါစေ စိတ်အနှောက်အယှက်တွေ ရှိရှိ ကိုယ်လိုချင် တဲ့ ပန်းတိုင် ကို ရောက်အောင်သွားဖို့ ပြောချင်ပါတယ်’’ ဟုပြောသည်။  

သက်ထားသူဇာသည် ယခုလအတွင်း ၂၀၁၉ ခုနှစ်က ရရှိထားသည့် ချန်ပီယံဆုများအတွက် ချန်ပီယံကာကွယ်ပွဲ နှစ်ပွဲအနေဖြင့် Uganda International Series ကြက်တောင် ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၃ ရက်အထိ ယူဂန္ဓာနိုင်ငံတွင် လည်းကောင်း၊ Kenya Future Series ကြက်တောင်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက်အထိ ကင်ညာနိုင်ငံ၌လည်းကောင်း ယှဉ်ပြိုင်မည်ဖြစ်သည်။သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည့် ပြိုင်ပွဲများအနက် ပေါ်တူဂီနိုင်ငံ၌ ကျင်းပမည့် HSBC BWF World Tour Super 300 ပြိုင်ပွဲကို မတ် ၁၇ ရက်မှ ၂၂ ရက်၊ ပိုလန်နိုင်ငံ၌ ကျင်းပမည့် International Challenge ကြက်တောင်ပြိုင်ပွဲကို မတ် ၂၆ ရက်မှ ၂၉ ရက်၊ ဖင်လန် နိုင်ငံ၌ ကျင်းပမည့် International Challenge ကြက်တောင် ပြိုင်ပွဲကို ဧပြီ ၂ ရက်မှ ၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117