ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ် အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖီထိုင်း(PHETHAI) ၏ အရှိန်ကြောင့် ယနေ့မွန်းတည့်မှ နောက်(၄၈)နာရီအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ချို့တွင် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ...
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) လစ်လပ်နေသည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နေရာတွင် အစားထိုး ခန့်အပ်ခံရသည့် ဦးလှအေးသည် ယနေ့နံနက်(၁၀)နာရီတွင် ပြုလုပ်သော ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈) တတိယနေ့၌ ကတိသစ္စာပြုကာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
လစ္စဘွန်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ပေါ်တူဂီနိုင်ငံ မြောက်ပိုင်း တွင် ဒီဇင်ဘာ ၁၅ရက် နှောင်းပိုင်းက အရေးပေါ်ဆေးကုသရေးရဟတ်ယာဉ် တစ်စင်း ပျက်ကျခဲ့ရာ လူ ၅ဦးသေဆုံးကြောင်း ပေါ်တူဂီ Lusa သတင်းဌာနက ဒီဇင်ဘာ ၁၆ ရက်တွင်ပြောကြားခဲ့သည်။
ဟာရာရီ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဇင်ဘာဘွေနိုင်ငံ နှင့် မိုဇမ်ဘစ်နိုင်ငံ နယ်စပ်ရှိ Nyampanda မြို့သို့ Harareမြို့မှ ဆက်သွယ်ထားသော ၄၉ကီလိုမီတာ ရှိသည့် အဝေးပြေးလမ်းမကြီး တစ်လျှောက်၌ ဒီဇင်ဘာ ၁၆ ရက်တွင် မီနီဘတ်စ်၂စီး ခေါင်းချင်းဆိုင်တိုက်မိခဲ့ရာ လူ ၁၁ဦး အခင်းဖြစ်ပွားရာ၌ပင် သေဆုံးခဲ့ကြောင်း...
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၆ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
လွန်ပရာဘွန် ၊ လာအို ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဝမ်ရိ နှင့် မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကျော်တင် တို့သည် ဒီဇင်ဘာ ၁၆ ရက်ကတွေ့ဆုံပြီး နယ်ပယ်ကဏ္ဍအားလုံးတွင် ပူးပေါင်းဆောင်ရွက်ရန် နှင့် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန် နှစ်ဖက်သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် လက်ဝါးကျေးရွာအတွင်း မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်၌ ၁၂ ဘီး ကုန်တင်ယာဉ် တစ်စီး နှင့် ဆိုင်ကယ် တစ်စီး တို့သည် ဒီဇင်ဘာ ၁၆ ရက်တွင် တိုက်မိမှု ဖြစ်ပွားခဲ့ရာ ဆိုင်ကယ် စီးနင်းသူ...
မကာအို ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ(SAR) အစိုးရအဖွဲ့သည် အမိမြေသို့မကာအိုပြန်လည်ရောက်ရှိခြင်း ၁၉ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင်ကျင်းပခဲ့ပြီး နိုင်ငံတကာစီတန်းလှည့်လည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။
တိုကျို ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံမြောက်ဖက်အစွန်း ဟော့ကိုင်ဒိုးစီရင်စု Sapporo မြို့ရှိ ဂျပန်ရိုးရာ စားသောက်ဆိုင် တစ်ခုတွင် ဒီဇင်ဘာ ၁၆ ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ကိဗ်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ အနောက်မြောက်ပိုင်းတွင် Su-27 တိုက်ဂျက်လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ လေယာဉ်မှူးသေဆုံးသွားခဲ့ကြောင်း ယူကရိန်းနိုင်ငံ လေတပ်ဦးစီးချုပ်က ၎င်း၏ Facebook ၌ရေးသားခဲ့သည်။