ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပထမ ဗဟိုကော်မတီ သတ္တမအကြိမ်ပုံမှန်အစည်းအဝေးမှ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် မဟာဗျူဟာနှင့် နည်းဗျူဟာများ ချမှတ်နိုင်မည်ဖြစ်ကြောင်း ယနေ့အစည်းအဝေး၏ သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်သည့် ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွှန့်က ပြောကြားသည်။
ချန်ဒူ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် ဇွန်လ ၂၄ ရက် နံနက်ပိုင်းက မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ နေအိမ် ၄၀ ခန့် ပြိုကျခဲ့သလို လူပေါင်း ၁၀၀ ခန့် မြေမြှုပ်ခံခဲ့ရကြောင်း မောက်ရှန်နယ်မြေ တာဝန်ရှိသူ သတင်းရင်းမြစ်များထံမှ သိရသည်။
ကိုလံဘို၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် ရဲတပ်ဖွဲ့နှင့် ကျောင်းသားများအကြား ဇွန်လ ၂၁ ရက်က ထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်ခဲ့ပြီးနောက် တက္ကသိုလ် ကျောင်းသားများ အဖွဲ့ချုပ် (IUSF) စည်းရုံးသူ ကျောင်းသား Lahiru Weerasekara ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ၂ဝ၁၇ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့အထိ မှတ်ပုံတင်ခြင်းမရှိသည့်ဆင်းကတ် များကို ၂ဝ၁၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ အပြီးသတ်ပိတ်သိမ်း သွားမည်ဖြစ်ပါသဖြင့် သုံးစွဲသူ ပြည်သူများအနေဖြင့် မှတ်ပုံတင်ရန် ကျန်ရှိသည့်ဆင်းကတ်များကို အချိန်မီစနစ်တကျ မှတ်ပုံတင်ရေးဆောင် ရွက်သွားကြရန်...
ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ပြည်ထောင်စု လမ်းမကြီး၏ ကော့သောင်း-ဘုတ်ပြင်းလမ်းပိုင်း မလိဝမ်းကျေးရွာအထွက်တွင် ကားလမ်းမပေါ် ရေလျှံ ရေကျော်မှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကန်ဘာရာ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဒေသများတွင် အိုင်အက်စ်တို့ကို တိုက်ထုတ်ရန်အတွက် ထောက်လှမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံ တပ်များအား သြစတြေးလျနိုင်ငံ တော်ဝင် လေတပ်မှ (RAAF) သူလျှို (Spy) လေယာဉ်များက ကူညီသွားမည် ဖြစ်ကြောင်း သြစတြေးလျ ကာကွယ်ရေး...
ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) တတိယ အကြိမ် အာရှ-ပစိဖိတ် ရေညီလာခံကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရေးနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၈/ ၂ဝ၁၇) တွင် ဆွေးနွေး သဘောတူညီခဲ့ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ ဥက္ကဋ္ဌ...
ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရီယိုဒီဂျနေရိုး ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ၌ ဇွန်လ ၂၂ ရက်က ဖြစ်ပွားခဲ့သော ကားလေးစီးဆင့်တိုက်မှုကြောင့် သေဆုံးသူဦးရေမှာ ၂၁ ဦးထိ မြင့်တက်ခဲ့ပြီး ဒဏ်ရာရသူဦးရေမှာလည်း ၂၂ ဦးထိရှိခဲ့ကြောင်း ဘရာဇီး အာဏာပိုင်များက ဆိုသည်။
ဟနွိုင်း ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ Noi Bai နိုင်ငံတကာလေဆိပ်၌ စိတ်ကြွဆေးပြား ၅,ဝဝဝ ပြား နှင့် မူးယစ်ဆေး ၁ ကီလိုဂရမ် တို့ကို နဂါးမောက်သီးအတွင်း လျှို့ဝှက်သယ်ဆောင်လာသည့် ဗီယက်နမ်နိုင်ငံသား သုံးဦးကို ဖမ်းဆီးရမိကြောင်း ဒေသတွင်း သတင်းမီဒီယာက...