Connect with us

Sport

ထိုင်း၊ မြန်မာ၊ လာအို အစရှိသည့် လက်ဝှေ့သမားများပါ၀င်သည့် သုံးနိုင်ငံစိန်ခေါ်ပွဲ ကျင်းပမည်

လက်ဝှေ့စိန်ခေါ်ပွဲတစ်ခုတွင် ထိုးသတ်နေမှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) 

 

ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ်က ကြီးမှူးသည့် မြန်မာ့ရိုးရာလက်ဝှေ့ သုံးနိုင်ငံစိန်ခေါ်ပွဲကို ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ရှိ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

ထိုင်း၊ မြန်မာ၊ လာအို အစရှိသည့် လက်ဝှေ့သမားများပါ၀င်သည့် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် အဓိကတွဲဆိုင်း များအဖြစ် သွေးသစ်ဝင်းလှိုင်(မြန်မာ) နှင့် ကျင်လွပ်(ထိုင်း)၊ သွေးသစ်မောင် (မြန်မာ)နှင့် ပရ၀ပ်(ထိုင်း)တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

 

အခြားတွဲဆိုင်းများအဖြစ် လွမ်ချိုင်း(မြန်မာ)နှင့် ခုမ်ကစ်(ထိုင်း)၊ အောက်ချင်းလေး (မြန်မာ) နှင့် ဘန်သီဟာကွတ်(လာအို)၊ မိုးမောင်(မြန်မာ)နှင့် မစ်စီဟာခို့(လာအို)၊ စောဘ ဟိန်း (မြန်မာ)နှင့် ၀မ်ချလ(ထိုင်း)၊ သိန်းစိုး (မြန်မာ)နှင့် ဘွင်လွင် (ထိုင်း)တို့ အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။ မျိုးဆက်သစ်စိန်ခေါ်ပွဲများအဖြစ် ရဲကျော်ဦးနှင့် ကောင်းဆက်နိုင်၊ သန်းဖြိုးဇော်နှင့် ကနောင်သွေး ၊ အာကာဖြိုးနှင့် ဇင်မိုးဟိန်း အစရှိသည့် တွဲဆိုင်းများပါ၀င်မည်ဖြစ်ပြီး လက်မှတ်နှုန်းထားများအနေဖြင့် ဝင်ကြေး ငွေကျပ် တစ်သောင်း၊ နှစ်သောင်း၊ သုံးသောင်း၊ တစ်သိန်းဖြင့် သတ်မှတ်ထားကြောင်း မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။  (Xinhua)