နေပြည်တော်၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ) ယနေ့ ပြုလုပ်ခဲ့သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)နှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ငြိမ်းချမ်းရေး ဆွေးနွေးရေး ကော်မတီတို့ တွေ့ဆုံပွဲ၌ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) တွင် သုံးလအတွင်း ( အောက်တိုဘာ လ...
ထျန်ကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် စင်္ကာပူနိုင်ငံတို့ ပူးပေါင်းသည့် စီမံကိန်းတစ်ခုဖြစ်သောထျန်ကျင်း Eco-city တစ်မြို့လုံးတွင် ယခုနှစ်ကုန်ပိုင်း၌ 5Gကွန်ယက်နည်းပညာ အသုံးပြုမှု တိုးတက်လာလိမ့်မည်ဟု အဆိုပါမြို့ ၏ စီမံခန့်ခွဲမှုဗျူရိုက ဇူလိုင်လ ၁၆ ရက် တွင်ပြောသည်။
ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) လာမည့် အောက်တိုဘာ ၂၁ ရက်မှ ၂၇ရက် အထိ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ကျင်းပမည့် ၂၀၁၉ ခုနှစ် အာဆီယံဖူဆယ်ဖလားပြိုင်ပွဲ အတွက်အုပ်စု မဲခွဲပွဲ အခမ်းအနားကို ဇူလိုင် ၁၆ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Pavilion...
ရန်ကုန် ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်၊ ပန်းဆိုးတန်းလမ်းနှင့် ကမ်းနားလမ်းထောင့် ကျန်းမာရေးဆိပ်ကမ်းဝင်းရှိ ရန်ကုန် ဆန်းသစ်ဖန်တီးမှုဗဟိုဌာန(Yangon Innovation Centre) ဖွင့်ပွဲ အခမ်းအနားအား ယနေ့တွင် ကျင်းပခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခါတွမ်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံ အသွင်ကူးပြောင်းရေးစစ်ကောင်စီ (TMC) နှင့် အတိုက်အခံဖြစ်သော Freedom and Change Alliance တို့သည် ဇူလိုင်လ ၁၇ ရက်တွင် နိုင်ငံရေးကြေညာစာတမ်းဆိုင်ရာ ကနဦးသဝဏ်လွှာများအား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဟနွိုင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ဖူသိုပြည်နယ်ရှိ မြစ်တစ်စင်းတွင် ရေကူးနေကြသော လူငယ် ၄ ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဇူလိုင်လ ၁၇ ရက်တွင် ရေးသားဖော်ပြခဲ့သည်။
မော်စကို၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံက ရုရှားတပ်မတော်(ရေ) အထိမ်းအမှတ်စစ်ရေးပြအခမ်းအခမ်းအနားများကို ရုရှားတစ်နိုင်ငံလုံး နှင့် ဆီးရီးယားရှိ ၎င်း၏ ရေတပ်အခြေစိုက်စခန်းများတွင် ဇူလိုင်လ ၂၈ ရက် ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က ဇူလိုင် ၁၆ ရက်တွင်ပြောသည်။
ရန်ကုန် ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ် ၇ ခုတွင် ရာသီတုပ်ကွေးရောဂါ (A(H1N1)pdm 09) ကြောင့် သေဆုံးသူ ဦးရေမှာ ဇူလိုင် ၁၆ ရက် အထိတွင် ၅၆ ဦးထိ ရှိလာခဲ့ကြောင်း နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် သေဆုံးသူ...
ဘန်ကောက်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် ပရာယွတ်ချန်-အို-ချာ ခေါင်းဆောင်သော အစိုးရအဖွဲ့သစ်တွင် ရွေးချယ်ခန့်အပ်ခြင်းခံရသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဇူလိုင်လ ၁၆ ရက်တွင်ပြုလုပ်သည့် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
တီဟီရန်၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ) ဗြိတိန်၏ ရေနံသင်္ဘောဖမ်းဆီးထိန်းသိမ်းမှုကို အပြင်းအထန်ပြစ်တင်ရှုတ်ချကြောင်း အီရန်နိုင်ငံ၏အမြင့်ဆုံး ခေါင်းဆောင် အလီ ခါမေနီ (Ali Khamenei) က ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်ဟု Tasnim သတင်းအေဂျင်စီ၏ ယင်းနေ့တွင်ထုတ်ပြန်သည့် သတင်းများအရ သိရသည်။