Connect with us

Local

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အမေရိကန်ဒေါ်လာ ၂၇၉ သန်းကျော် တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခု ခွင့်ပြု

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၇/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကျင်းပစဉ်(MOI)

ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

 

 မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အမေရိကန်ဒေါ်လာ ၂၇၉ သန်းကျော် တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခု ခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၇/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးထံမှ သိရသည်။

 အိမ်ယာ/ အဆောက်အဦကဏ္ဍ၊ ပညာရေး ဝန်ဆောင်မှုကဏ္ဍ၊ စက်မှုကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍတို့မှ လုပ်ငန်းစုစုပေါင်း (၈) ခုခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၂၇၉ ဒသမ ၈၈) သန်းနှင့် ငွေကျပ် (၁၅၆,၉၃၀ ဒသမ ၀၁) သန်းရှိပြီး ပြည်တွင်းလုပ်သားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၃၃,၂၇၉) နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ နိုင်ငံပေါင်း (၅၀) တို့မှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း (၁,၈၃၇) ခု ရင်းနှီးမြှုပ်နှံလျက်ရှိရာ စုစုပေါင်း အမေရိကန် ဒေါ်လာသန်းပေါင်း (၈၁,၈၇၄ ဒသမ ၂၆၅) ဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။

 

ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြောင်း ကော်မရှင်ထံမှ သိရသည်။

 

နိုင်ငံပေါင်း (၅၀) မှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၇ ဒသမ ၃၈ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင်  စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၅ ဒသမ ၈၇ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄ ဒသမ ၀၈ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ 

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၇/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့်အဖွဲ့ဝင် (၁၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117