မနီလာ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ Camarines Surပြည်နယ် San Fernandoမြို့တွင် ဇွန် ၈ ရက် က ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားရာ ကလေးငယ်နှစ်ဦးအပါအဝင် အနည်းဆုံး လူ ၁၃ ဦးသေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီဒဏ်ရာရမှုများ ဖြစ်ပွား ခဲ့ကြောင်း ယင်း ဒေသ ရှိ ရဲဌာနက...
ရန်ကုန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) “ ရှမ်းစော်ဘွားကြီးများ၏ ရှားပါး ဝတ်စုံပြပွဲ (Exhibition of the Rare Traditional Costumes of the Shan SawBwas)” ကို ဇွန် ၉ ရက်မှ ၁၆ ရက် အထိ...
ဟူစတန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ် ဒါးလက်စ်မြို့၌ ဇွန် ၉ ရက် ညနေပိုင်းက မိုးကြိုးမုန်တိုင်း အကြိမ်ပေါင်းများစွာဖြစ်ပေါ်ခဲ့ပြီးနောက် အဆောက်အအုံတစ်လုံးပေါ်သို့ဝန်ချီစက်(ကရိန်း) တစ်ခုပြိုကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁ ဦးသေဆုံးပြီး အခြား ၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ဆိုသည်။
ဘိုဂိုတာ ၊ ဇွန် ၁ဝ ရက်(ဆင်ဟွာ) ကိုလံဘီယာနိုင်ငံအရှေ့မြောက်ပိုင်း Arauca ဒေသ၌ စစ်တပ်ကင်းလှည့်မှုတစ်ခုပြုလုပ်စဉ် ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံးစစ်သား ၂ ဦးသေဆုံးပြီး အခြား ၈ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကိုလံဘီယာစစ်တပ်၏ ဇွန် ၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ ဇွန် ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးထံသို့ တရုတ်-ဖိလစ်ပိုင် သံတမန်အဆက်အသွယ်ထားရှိသည့် (၄၄)နှစ်ပြည့်အထိမ်းအမှတ်နှင့် ဖိလစ်ပိုင်နိုင်ငံ လွတ်လပ်ရေးရရှိသည့် (၁၂၁) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဇွန် ၉ ရက်က ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ ကွမ်းသီးမြောင်ကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာ မာဂရီသစ်တောကြိုးဝိုင်းအတွင်း၌ ဇွန် ၈ ရက် ညနေပိုင်းတွင် တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ်(၂)လုံး ပျက်စီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဖနွမ်းပင်၊ ဇွန် ၉ ရက် (ဆင်ဟွာ) အနောက်တောင်ပိုင်း ကမ္ဘောဒီးယားနိုင်ငံ၏ Kampong Speuပြည်နယ်တွင် ဇွန် ၈ ရက် ညနေပိုင်းက ယာဉ်တစ်စီးတိုက်မှုဖြစ်ပွားပြီး လူ ၄ဦး ဒဏ်ရာရရှိကာ ၁၀ ဦးအနည်းဆုံးသေဆုံးခဲ့ကြောင်း အကြီးတန်း ရဲတပ်ဖွဲ့အရာရှိတစ်ဦးက ပြောကြားသည်။
ဝါရှင်တန်၊ ဇွန် ၉ ရက်(ဆင်ဟွာ) အီရန်၏အကြီးဆုံးရေနံဓာတုလုပ်ငန်းဖြစ်သည့် ပါရှန်းပင်လယ်ကွေ့ ရေနံဓာတု စက်မှုကုမ္ပဏီ (PGPIC)နှင့် ၎င်းကုမ္ပဏီခွဲများ ၊ ပြည်ပ အရောင်းကွန်ရက်များ အားလုံးကို ပိတ်ဆို့မည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန် ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာအနီး မိတ္ထီလာ-တောင်ကြီးကား လမ်းမိုင်တိုင်(၃၃/၁-၂)ကြား၌ ယာဉ်ဘရိတ်ပေါက်၍တိမ်းမှောက်မှုကြောင့် လူ ၃ ဦး သေ၊ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
တီဟီရန်၊ ဇွန် ၉ ရက်(ဆင်ဟွာ) အီရန်သမ္မတရိုဟာနီ နှင့် တူရကီသမ္မတ ရီဆက်တေရစ် အာဒိုဂန် တို့နှစ်ဦးက ဇွန်လ ၈ ရက်နေ့တွင် နှစ်နိုင်ငံအပြန်အလှန်အကျိုးရှိစေမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကာ ကွဲပြားမှုဖြစ်နေသည့်နယ်မြေ များအတွင်း ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးများကျယ်ပြန့်လာစေရေးဆောင်ရွက်ရန် သန္နိဌာန်ချခဲ့ ကြကြောင်းသိရသည်။