Connect with us

Culture & Entertainment

ကမာ္ဘလုံးဆိုင်ရာ စိမ်းလန်းမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံက ကူညီထောက်ပံ့

တရုတ်နိုင်ငံ ပေကျင်းမြို့ ယန်ချင်းခရိုင်တွင် ပြုလုပ်သော ပေကျင်း နိုင်ငံတကာ ဉယျာဉ်စိုက်ပျိုးမှုပြပွဲရှိ Guirui ကဇာတ်ရုံအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ကမာ္ဘ့အကြီးဆုံး ဉယျာဉ်စိုက်ပျိုးမှုအတတ်ပညာပြပွဲဖြစ်သော ပေကျင်း နိုင်ငံတကာ ဉယျာဉ်စိုက်ပျိုးမှုအတတ်ပညာပြပွဲအား ရက်ပေါင်း ၁၆၂ ရက် ကျင်းပခဲ့ပြီးနောက် အောက်တိုဘာ ၉ ရက်တွင် ပိတ်ပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပိတ်ပွဲအခမ်းအနား၌ ပြပွဲ၏ အမှုဆောင်ကော်မတီ တာဝန်ရှိသူလည်းဖြစ်သော တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ပိတ်ပွဲအခမ်းအနားသို့ ပါကစ္စတန်နိုင်ငံ၊ ဆော်လမွန်ကျွန်းနိုင်ငံ၊ ကမော္ဘဒီးယားနိုင်ငံ၊ ကာဇက်စတန်နိုင်ငံနှင့် အဇာဘိုင်ဂျန်နိုင်ငံမှ ခေါင်းဆောင်များနှင့် နိုင်ငံရေးသမားများ၊ နိုင်ငံတကာပြပွဲများဗျူရိုနှင့်  နိုင်ငံတကာ ဉယျာဉ်စိုက်ပျိုးမှုအတတ်ပညာ ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြမည် ဖြစ်ကြောင်း ပြပွဲဖြစ်မြောက်ရေး အမှုဆောင်ကော်မတီ၊ အမှုဆောင် ညွှန်ကြားရေးမှူး ကော်ယန်က ပြောခဲ့သည်။

ထို့ပြင် နိုင်ငံတကာ ပြပွဲပြသသူများ၊ စီးပွားရေးသမားများ၊ နာမည်ကျော် ဉယျာဉ်စိုက်ပျိုးမှု အတတ်ပညာပြပွဲ ကျွမ်းကျင်သူများ၊ သတင်းစာဆရာများနှင့် အစိုးရတာဝန်ရှိသူများ အပါအဝင် ပြည်တွင်းနှင့် ပြည်ပမှ ကိုယ်စားလှယ် ၉၀၀ ခန့်လည်း ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်မည် ဖြစ်ကြောင်း ကော်က ပြောခဲ့သည်။

ပေကျင်း နိုင်ငံတကာ ဉယျာဉ်စိုက်ပျိုးမှုပြပွဲတွင် “ဆီရာလီယွန်နေ့” ၌ အနုပညာရှင်များ တင်ဆက်ပြသနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ) 

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ် ဒွန်ဟွမ်ခရိုင်တွင် Ant Forest အသုံးပြုသူများ သစ်ပင်စိုက်ပျိုးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အကျယ်အဝန်းအားဖြင့် ဧရိယာ ၅၀၃ ဟက်တာကျော်ရှိသော အဆိုပါပြပွဲကို ပေကျင်းမြို့မြောက်ဘက် ယန်ချင်းခရိုင်တွင် ဧပြီလ ၂၉ ရက်က စတင်ကျင်းပခဲ့သည်။ ယင်းပြပွဲသို့ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၁၀ မှ ပြပွဲဝင်ရောက်ပြသသူများနှင့် အလွတ်သဘော ပြပွဲလာရောက်ပြသသူ ၁၂၀ တို့က ပြပွဲခန်းမအတွင်း ခင်းကျင်းပြသခြင်းနှင့် ပြခန်းပြင်ပ ပန်းခြံစိုက်ပျိုးခြင်းများဖြင့် ပါဝင်ခဲ့ကြသည်။

အောက်တိုဘာ ၇ ရက်စာရင်းအရ ပြပွဲဝင်ခွင့်အတွက် ငွေပမာဏ ၉ ဒသမ ၃၄ သန်း ရှိခဲ့သည်။ 

ပြပွဲအတွင်း ပန်းခြံစိုက်ပျိုးသည့်အပင် ၈,၀၀၀ ပင်နှင့် ဟင်းသီးဟင်းရွက်၊ သစ်သီးနှင့် ဆေးဘက်ဝင်အပင် အမျိုးအစား ၈၂၀ ခု ဝန်းကျင် ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.