Connect with us

Economy

ကမ္ဘာ့စီးပွားရေး ဖိုရမ် ၏ နောက်ဆုံး ထုတ်ပြန်ကြေညာချက် အရ တရုတ် နိုင်ငံ ၏ ဘက်စုံ ယှဉ်ပြိုင်နိုင်မှု စွမ်းရည် က တည်ငြိမ်စွာ မြင့်တက်နေကြောင်း သိရှိရ

၂၀၁၉ ခုနှစ် ဇန်နဝါရီလ တွင် ဆွစ်ဇာလန် နိုင်ငံ ၌ ကျင်းပ ပြုလုပ်ခဲ့သော ကမ္ဘာ့စီးပွားရေး ဖိုရမ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ကမ္ဘာ့စီးပွားရေး ဖိုရမ် ၏ အောက်တိုဘာ ၉ ရက် ၌ ထုတ်ပြန်ကြေညာခဲ့သော “ကမ္ဘာ့ယှဉ်ပြိုင်နိုင်မှု စွမ်းရည် အဆင့် သတ်မှတ်ချက် အစီရင်ခံစာ” တွင် တရုတ် နိုင်ငံ ၏ ဘက်စုံ ယှဉ်ပြိုင်နိုင်မှု စွမ်းရည် က အဆင့် ၂၈ တွင် တည်ရှိနေပြီး အဆင့်သတ်မှတ်ချက် က ယခင်နှစ်နှင့် တူသော်လည်း ရမှတ်များ က တည်ငြိမ်စွာ မြင့်တက်လာကြောင်း တွေ့ရှိခဲ့ရသည်။

အမြင့်ဆုံး အမှတ် ၁၀၀ သတ်မှတ်ထားသည့် ထုတ်ပြန်ကြေညာချက် တွင် စီးပွားရေး အသိုက်အဝန်း ၁၄၁ ခွင့် ရမှတ် အများဆုံး ရရှိသည့် အသိုက်အဝန်း က ၈၄ ဒသမ ၈ မှတ် ရရှိခဲ့ပြီး အနည်းဆုံး က ၃၅ ဒသမ ၁ မှတ် ရရှိခဲ့ကြောင်း ၊ စီးပွားရေး အသိုက်အဝန်း အသီးသီး ၏ ပျှမ်းမျှ ရမှတ် မှာ ၆၀ ဒသမ ၇ မှတ် ဖြစ်ပြီး တရုတ် နိုင်ငံ က ရမှတ် ၇၃ ဒသမ ၉ မှတ် ရရှိခဲ့ကာ ယခင်နှစ်ထက် ၁ ဒသမ ၃ မှတ် မြင့်တက်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

ထုတ်ပြန်ကြေညာချက် တွင် တရုတ် နိုင်ငံ ၏ ဈေးကွက် ပမာဏ ၊ မက်ခရို စီးပွားရေး တည်ငြိမ်မှု ၊ တီထွင်ဆန်းသစ်မှု နှင့် ဆက်သွယ်ရေး နည်းပညာ စသည့် အပိုင်းတွင် ရမှတ် က အများဆုံး နှင့် နီးကပ်နေပြီး အခြေခံအဆောက်အဦ အပိုင်းတွင် ထူးချွန်မှုရှိသည် ကို တွေ့ရှိခဲ့ရသည်။

တရုတ် နိုင်ငံ အချို့ ကဏ္ဍ များ ၏ စွမ်းဆောင်မှု က အဓိက ဖွံ့ဖြိုးပြီး စီးပွားရေး အသိုက်အဝန်း များ ဖြင့် ဖွဲ့စည်း ထားသည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့အစည်း (OECD) ၏ အဖွဲ့ဝင် နိုင်ငံ များ နှင့် အလွန်နီးကပ်ပြီး တရုတ် နိုင်ငံ ၏ ဆက်သွယ်ရေး နည်းပညာ ပိုင် က OECD ၏ အဖွဲ့ဝင် ၂၅ နိုင်ငံ ကို ကျော်လွန် ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ၏ ပျှမ်းမျှ လူ့သက်တမ်း က အမေရိကန် နိုင်ငံ ကို ကျော်လွန် ခဲ့ပြီး OECD  အဖွဲ့ဝင် နိုင်ငံ များနှင့် အလွန် နီးကပ်ကြောင်း ထုတ်ပြန်ကြေညာချက် အရ သိရှိရသည်။

ကမ္ဘာ့စီးပွားရေး ဖိုရမ် က ၁၉၇၉ ခုနှစ် မှ စတင်၍  “ကမ္ဘာ့ယှဉ်ပြိုင်နိုင်မှု စွမ်းရည် အဆင့် သတ်မှတ်ချက် အစီရင်ခံစာ” ကို ထုတ်ပြန်ကြေညာခဲ့ပြီး ရည်ရွယ်ချက် အနေဖြင့် စီးပွားရေး အသိုက်အဝန်း အသီးသီး ၏ ရေရှည် တိုးတက်မှု ၏ အကြောင်းရင်း အား လေ့လာသုံးသပ်ရန် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.