Connect with us

Politics, Law & Military

သမ္မတရှီကျင့်ဖိန်က တရုတ်-ဆော်လမွန် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးသည် ကောင်းမွန်သော အချိန်အခါသို့ ရောက်ရှိလာကြောင်း ပြောကြား

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဆော်လမွန်နိုင်ငံဝန်ကြီးချုပ် Sogavare တို့တွေ့ဆုံဆွေးနွေးစဉ်(ဓါတ်ပုံ-အင်တာနက်)

ပေကျင်း၊အောက်တိုဘာ ၉ ရက်(ဆင်ဟွာ)

တရုတ်တစ်နိုင်ငံတည်း မူဝါဒ အခြေခံစည်းမျဉ်းအပေါ် ပြောင်းလဲ ကျင့်သုံးလာချိန်တွင် တရုတ်နိုင်ငံ နှင့် ဆော်လမွန်ကျွန်းနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးသည်ခိုင်မာလာကြောင်း နှင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေကြောင်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ယနေ့အောက်တိုဘာ ၉ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

တရုတ်နိုင်ငံ ပေကျင်းမြို့ ရှိ Diaoyutai နိုင်ငံတော်ဧည့်ဂေဟာ၌ ဆော်လမွန်ကျွန်းနိုင်ငံဝန်ကြီးချုပ် Manasseh Sogavare နှင့်တွေ့ဆုံဆွေးနွေးစဉ် ရှီက မိတ်ဆွေချင်း ချစ်ကြည်ရင်းနှီးမှုတွင် အထူးတလည်စေခိုင်းလုပ်ယူ၍ မရကြောင်း ပြောကြားခဲ့သည်။ 

ထို့ပြင် အဆိုပါချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းထားသမျှကာလပတ်လုံး အကျိုးစီးပွားများကို ပျော်ရွှင်စွာဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဖြစ်ကြောင်း၎င်းက ဆိုသည်။

တရုတ်နိုင်ငံ နှင့်ဆော်လမွန်ကျွန်းနိုင်ငံတို့သည် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင် သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ကြောင်း သိရသည်။(Xinhua)