Connect with us

Europe

ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင် က သဘောတူညီချက်မရှိဘဲ ဥရောပသမဂ္ဂမှ နုတ်ထွက်ရေး ကိုရှောင်ရှားနိုင်ရန် အိုင်ယာလန်ဝန်ကြီးချုပ်နှင့်ဆွေးနွေးမည်

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင် အား တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ အောက်တိုဘာလ ၉ ရက်(ဆင်ဟွာ)

ဗြိတိန်ဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင် က ဥရောပသမဂ္ဂ ၏သဘောတူညီချက်မရရှိဘဲ ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂ မှနုတ်ထွက်ရေးကို ရှောင်ရှားနိုင်ရန်အတွက်နောက်ဆုံးကြိုးပမ်းမှုတစ်ရပ်အဖြစ်ယခု ရက်သတ္တပတ်ကုန်ပိုင်းတွင် အိုင်ယာလန်ဝန်ကြီးချုပ် လီယို ဗာရတ်ကာ(Leo Varadkar) နှင့် တွေ့ဆုံဆွေးနွေးမှုပြုသွားမည်ဟု ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာလ ၈ ရက် တွင်ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်နှစ်ဦးက တယ်လီဖုန်းဖြင့် မိနစ် ၄၀ ကြာဆက်သွယ်စကားပြောခဲ့ကြသေးကြောင်းလည်းသိ ရသည်။

ပြောရေးဆိုခွင့်ရှိသူကနှစ်ဖက်စလုံးကပင် ဥရောပသမဂ္ဂ ၏သဘောတူညီချက်ဖြင့် ဗြိတိန်နိုင်ငံ ဥရောပ သမဂ္ဂ မှနုတ်ထွက်ရေး ရရှိစေရန်၎င်းတို့၏ လိုလားမှုများကို အခိုင်အမာထပ်မံပြောကြားခဲ့ကြကြောင်း၊ ၎င်းတို့အနေဖြင့် ယခု ရက်သတ္တပတ်ကုန်ပိုင်းတွင်တွေ့ဆုံဆွေးနွေးရန်မျှော်လင့်ထားကြကြောင်းဖြင့် ပြောကြားခဲ့သည်။

အောက်တိုဘာလ ၈ ရက်က ဥရောပပါလီမန် ဥက္ကဋ္ဌ ဒေးဗစ်ဆတ်ဆိုလီ(David Sassoli) က ဗြိတိန် ဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင် နှင့်တွေ့ဆုံဆွေးနွေးအပြီးတွင်တိုးတက်မှုတစ်စုံတစ်ရာမရှိကြောင်း မှတ် ချက်ပေးခဲ့သည်ဟုလည်း ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။ ဒေးဗစ်ဆတ်ဆိုလီ ကဥရောပသမဂ္ဂ မှ ဗြိတိန်နိုင်ငံနုတ်ထွက်ရေးအတွက်ညှိနှိုင်းမှုကာလကို တိုးချဲ့ပေးရန်တောင်းဆိုခဲ့ခြင်းမရှိဟုလည်းပြော ခဲ့ ကြောင်းသိရသည်။

ဗြိတိန် ဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင် ကမူ ဗြိတိန်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂနှင့်သဘောတူညီချက် ရရှိ သည်ဖြစ်စေ၊မရရှိသည်ဖြစ်စေ အောက်တိုဘာလ ၃၁ ရက်တွင် နုတ်ထွက်မှုပြုမည်ဟု သန္နိဋ္ဌာန်ချပြောကြားထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.