ကူဝိတ်၊ မေ ၁ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးတွင် ကူဝိတ်နိုင်ငံမှ ကူညီမည်ဖြစ်ကြောင်း၊ ကူဝိတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Sabah Khaled Al-Hamad Al-Sabah က ဧပြီလ ၃၀ရက်တွင်ပြောခဲ့သည်။
ဖနွမ်းပင် ၊ မေ ၁ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၏ အန်းကောဝပ်ရှေးဟောင်းနယ်မြေသို့၂ဝ၁၉ ခုနှစ် ပထမ ၄ လအတွင်း ကမ္ဘာလှည့် ခရီးသည် ၉၇၃,၃ဝ၅ ဦးဝင်ရောက်ခဲ့ရာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၇.၃ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ယနေ့မေ ၁ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။
ပေကျင်း၊ မေ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျပန်နိုင်ငံ ဘုရင်သစ်အဖြစ် ထီးနန်းဆက်ဆံသော နာရူဟီတို (Naruhito) ထံ မေလ ၁ ရက်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
ကာရာကာ့စ်၊ မေ ၁ ရက်(ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဗလာဒီမာ ပါဒရီနိုလိုးပက်ဇ် (Vladimir Padrino Lopez) က ဗင်နီဇွဲလားလုံခြုံရေးတပ်ဖွဲ့များအနေနှင့် ဧပြီလ ၃၀ ရက်အစောပိုင်းကအာဏာသိမ်းရန်ကြိုးစားမှုတစ် ရပ်ကိုအောင်မြင်စွာတားဆီးနိုင် ခဲ့ကြောင်း ပြောကြားခဲ့သည်။
ရီယိုဒီ ဂျနေးရိုး ၊ မေ ၁ ရက်(ဆင်ဟွာ) ဘရာဇီး နိုင်ငံ၌ အလုပ်လက်မဲ့ မြင့်တက်မှုနှုန်းသည် ၂၀၁၉ ခုနှစ် ပထမ သုံးလပတ်တွင် ၁၂.၇ ရာခိုင်နှုန်း ရှိကြောင်း ဘရာဇီး အမျိုးသား ပထဝီ နှင့် စာရင်းအင်း ဆိုင်ရာ အဖွဲ့အစည်း(IBGE)ထံမှ ဧပြီ ၃၀...
အစ္စလာမ်မာဘတ်၊ မေ ၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ဘက် ဘာလိုချစ္စတန်ပြည်နယ် ဂျီဝန်နီမြို့အနီး စစ်ဆင်ရေးတစ်ခု လုပ်ဆောင်ခဲ့စဉ် အမေရိကန်ဒေါ်လာ၂၄ သန်းကျော် တန်ဖိုးရှိသော မူးယစ်ဆေးဝါးများ ကမ်းခြေစောင့်တပ်ဖွဲ့များက ဖမ်းမိခဲ့ကြောင်း ပါကစ္စတန် ကမ်းခြေစောင့်တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဧပြီလ ၃၀ ရက်တွင် ပြောကြားလိုက်သည်။
ကွာလာလမ်ပူ၊ မေ ၁ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံတွင် ဧပြီ ၃၀ ရက်က မှောင်ခိုဆင်စွယ်နှင့်ဆင်စွယ်ဖြင့်ပြုလုပ်သည့်ပစ္စည်း ၃.၉၂တန်ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဂျိူဟန်နစ်ဘာ့ဂ် ၊ မေ ၁ ရက်(ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ ရပ်စတန်ဘာ့ဂ်မြို့( Rustenburg ) ရှိ Sibanye-Stillwater မြေအောက် ရွှေတွင်းထဲတွင် မိုင်းလုပ်သား ခန့်မှန်းခြေ ၁,၈ဝဝ ခန့်ပိတ်မိနေကြောင်း သတ္တုသယံဇာတအရင်းအမြစ်များဦးစီးဌာန(DMR) က ဧပြီ ၃ဝ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ မေ ၁ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူး မြို့နယ်၌ လူနေအိမ် ၁ လုံး၏ မီးဖို မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်မှု ဖြစ်ပွားရာ လူ ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏...
ရန်ကုန် ၊ မေ ၁ ရက်(ဆင်ဟွာ) နိုင်ငံတော် အစိုးရက အလုပ်သမားများ၏ ဘ၀ တစ်ဆင့်ပြီး တစ်ဆင့် တိုးတက် မြင့်မားရေး အတွက် အရေးကြီးသော မူဝါဒ ဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းများ အလေးပေး ဆောင်ရွက် နေချိန်တွင် အလုပ်ရှင်၊ အလုပ်သမားနှင့် သက်ဆိုင်ရာ ဌာနများ အနေဖြင့်...