Connect with us

Europe

လွှတ်တော် ထပ်မံဆိုင်းငံ့ခံရမှုအပေါ် ဆန့်ကျင်ဆန္ဒပြမှုများ ဗြိတိန်နိုင်ငံအနှံအပြားတွင် ဖြစ်ပွား

လွှတ်တော်ဆိုင်းငံမှုအပေါ် ဗြိတိန်လွှတ်တော်အဆောက်အဦး ပြင်ပတွင် ဆန္ဒပြနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ)

ဗြိတိန်လွှတ်တော် ဆိုင်းငံ့မှုထားရန် ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်၏ လုပ်ဆောင်ချက်အပေါ် ဆန့်ကျင်ဆန္ဒပြမှုများ ဗြိတိန်နိုင်ငံ နေရာအနှံ့အပြားတွင် သြဂုတ် ၃၁ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လန်ဒန်(London)၊ မန်ချက်စတာ(Manchester) ၊ အောက်စ်ဖို့(Oxford)၊ လီဗာပူး(Liverpool) ၊ လိဒ်စ်(Leeds)၊ မြောက်အိုင်ယာလန် ဗဲလဖတ်(Belfast)မြို့စသည့်နေရာများတွင် လူပေါင်းသောင်းချီဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဆန္ဒပြလှုပ်ရှား ဆန္ဒပြသူများတွင် Brexit ကို ထောက်ခံ့သူ၊ ဥရောပသမဂ္ဂတွင် ဗြိတိန်ဆက်လက်တည်ရှိမှု ထောက်ခံ့သူ နှစ်ရပ်စလုံး ပါရှိကြောင်း သိရသည်။ ဆန္ဒပြသူများက ဘောရစ်ဂျွန်ဆင်အစိုးရသည် ဒီမိုကရေစီကိုမထီမဲ့မြင်ပြုကာ သဘောတူညီချက်မဲ့ ဥရောပသမဂ္ဂမှ ဗြိတိန် နုတ်ထွက်ရန် တမင်သက်သက်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြစ်တင်ပြောဆို ဟစ်ကြွေးခဲ့ကြကြောင်းသိရသည်။

လက်ရှိ ဆိုင်းငံ့ထားသည့် လွှတ်တော်ကို စက်တင်ဘာလ ၃ ရက် တွင် ပြန်လည်စတင်မည်ဖြစ်ရာ ဘောရစ်ဂျွန်ဆင်က စက်တင်ဘာ ၉ ရက်မှ ၁၂ ရက်ကာလတွင် လွှတ်တော်ကို ထပ်မံဆိုင်းငံ့ရန်နှင့် ဆိုင်းငံ့ကာလကို အောက်တိုဘာ ၁၄ ရက်အထိ တိုးမြင့်ရန် တောင်းခံထားကြောင်း သိရသည်။ ၎င်း၏ တောင်းခံချက်ကို ဗြိတိန် ဘုရင်မကြီး အဲလစ်ဇဘက် IIက ခွင့်ပြုခဲ့ကြောင်း သိရသည်။

ဗြိတိန်၏ Brexit နောက်ဆုံးကာလ အောက်တိုဘာ ၃၁ ရက်သို့ ရောက်ရှိရန် နီးကပ်လာပြီဖြစ်ရာ လွှတ်တော် ထပ်မံဆိုင်းငံ့ခံရပါက လွှတ်တော်၏ Brexit ဆိုင်ရာ ဆောင်ရွက်နိုင်မှုအချိန်ကာလမှာ ရက်သတ္တပတ် နှစ်ပတ်သာကျန်ရှိတော့မည်ဖြစ်ကြောင်း၊ ဘောရစ်ဂျွန်ဆင်က ၎င်း၏ Brexit ဆောင်ရွက်ချက်ကို လွှတ်တော် အတားအဆီးမပြုနိုင်စေရန် ယခုကဲ့သို့ ဆိုင်းငံ့ရခြင်းဖြစ်ကြောင်း သုံးသပ်သူအချို့က ယူဆကြသည်။ သို့သော်လည်း ဘောရစ်ဂျွန်ဆင်က Brexit အတွက် လွှတ်တော်တွင် ဆွေးနွေးရန် အချိန်အပြည့်အဝရှိသည်ဟု ဆိုသည်။ (Xinhua)