Connect with us

Economy

တရုတ်နိုင်ငံက နွေရာသီခရီးသွားထူထပ်သည့်ကာလအတွင်း ရထားခရီးသည်ပေါင်း ၇၃၅ သန်းရှိခဲ့ကြောင်း ထုတ်ပြန်

တရုတ်နိုင်ငံ Changsha ဘူတာရုံတွင် ရပ်နားထားသောကျည်ဆံရထားတစ်စင်းအားတွေ့ ရစဉ် တွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)

နွေရာသီခရီးသွားထူထပ်သည့် ကာလအဆုံးသတ်ချိန်ထိ တရုတ်နိုင်ငံသားအများစုသည် ရထားဖြင့် အများဆုံး သွားလာမှုပြုလုပ်ခဲ့ကြောင်း အမျိုးသားမီးရထားသယ်ယူပို့ဆောင်ရေးဌာန၏ နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ယင်းကာလအတွင်း ခရီးသည် ၇၃၅ သန်းက ရထားခရီးစဉ်များဖြင့်သွားလာခဲ့ရာ ယမန်နှစ်အလားတူကာလထက် ၁၀ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၄ ရက်တွင် ရထားခရီးစဉ်ဖြင့် ခရီးသည်ပေါင်း ၁၃.၆၉ သန်းကို ပို့ဆောင်ပေးခဲ့ရာ ခရီးသည်အထူထပ်ဆုံးနေ့ရက် တစ်ရက်အဖြစ် စံချိန်တင်ခဲ့ကြောင်း CRC က ဆိုသည်။

အဆိုပါကာလအတွင်း ရထားဌာနသည် နိုင်ငံအတွင်း တိုက်ဖွန်မုန်တိုင်းဒဏ်ခံရသည့် ဆိုးဝါးသည့် အခြေအနေများ ၊ မိုးကြီးရေလျှံမှုများ ၊ မြေပြိုမှုများ နှင့် နိုင်ငံအစိတ်အပိုင်းများစွာ၌ မြေပြိုမှုများ စသည့်အခြေအနေများ ကြုံတွေ့ရလင့်ကစား ရထားအရေးပေါ်အစီအစဉ်များကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် နှင့် လုံခြုံစွာ သွားလာနိုင်ရန်ကို အထူးအလေးထားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နွေရာသီခရီးသွားထူထပ်သည့် ယခုနှစ် ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ တရုတ်နိုင်ငံ၏ သယ်ယူပို့ဆောင်ရေး စနစ်ကို စမ်းသပ်ရန် မကြာခဏ တွန်းအားပေးမှုများ ရှိခဲ့သည်။

ယင်းကာလသည် နိုင်ငံ၌ ခရီးသွားရာသီ နှင့် အားလပ်ရက် ရာသီဖြစ်သည့်အတွက် ခရီးသွားထူထပ်နေသော်လည်း တက္ကသိုလ်ကျောင်းသားများ၏ နွေရာသီ ကျောင်းပိတ်ရက်တွင် ၎င်းတို့၏ မွေးရပ်ဇာတိမြို့နှင့် တက္ကသိုလ်ကျောင်းအကြား သွားလာနိုင်ရန် သယ်ယူပို့ဆောင်ရေးကို အပြည့်အဝ ဝန်ဆောင်မှုပေးခဲ့ကြောင်း သိရသည်။(Xinhua)