Connect with us

North America

ဖီဂျီနိုင်ငံ Ndoi ကျွန်း၏ အရှေ့မြောက်ဘက် ၄၁ ကီလိုမီတာအကွာတွင် အင်အား ၆.၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

-ဖီဂျီနိုင်ငံ ကျွန်းဆွယ်တစ်ခုရှိ ကမ်းခြေတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

နယူးယောက်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

ဖီဂျီနိုင်ငံ၊ Ndoi ကျွန်း၏ အရှေ့မြောက်ဘက် ၄၁ ကီလိုမီတာ အကွာတွင် စက်တင်ဘာ ၁ရက် ၊ ဂရင်းနစ်စံတော်ချိန် ၁၅း၅၄း၂၀နာရီ တွင် အင်အား ၆.၅ အဆင့်ရှိသည့် ငလျင်တစ်ခုလှုပ်ရှားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာနက ပြောသည်။

၎င်းငလျင်သည် ကနဦးတိုင်းတာချက်အရ အနောက်လောင်ဂျီတွဒ် ၁၇၈.၄ ဒီဂရီ နှင့် တောင်လတ္တီတွဒ် ၂၀.၄ ဒီဂရီ အကြားတွင် အနက် ၆၁၇.၀ ကီလိုမီတာကိုဗဟိုပြု၍ လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)