Connect with us

Local

နိုင်ငံတကာ ဈေးကွက်သို့မြန်မာ့ ထုတ်ကုန်ပစ္စည်းများ ထိုးဖောက် ဝင်ရောက် ရောင်းချနိုင်စေရေး ရည်ရွယ်ချက် များဖြင့် UMFCCI Centennial International Expo 2019 ကျင်းပမည်

UMFCCI Centennial International Expo 2019 ပြပွဲ နှင့် စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) သည် နှစ်(၁၀၀) ပြည့် အထိမ်း အမှတ် အဖြစ် UMFCCI Centennial International Expo 2019 ပြပွဲကို စက်တင်ဘာ၂၀ ရက်မှ ၂၂ ရက် အထိ ရန်ကုန်တိုင်းဒေသကြီး ၊ သာကေတမြို ့နယ်ရှိ Fortune Plaza (Myanmar Expo) ၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

UMFCCI Centennial International Expo 2019 ပြပွဲကို ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ ချိတ်ဆက် မိမိ လုပ်ကိုင်နိုင်စေရေး ၊ နိုင်ငံတကာ ဈေးကွက်သို့မြန်မာ့ ထုတ်ကုန်ပစ္စည်းများ ထိုးဖောက် ဝင်ရောက် ရောင်းချနိုင်စေရေး ၊ ပြည်ပမှ အရည်အသွေးမြင့် သွင်းကုန် ပစ္စည်းများ ပြည်တွင်း ဈေးကွက်သို့ရောက်ရှိ လာနိုင်ရေး ရည်ရွယ်ချက်တို့ဖြင့် ကျင်းပသွားမည် ဖြစ်သည်။

UMFCCI ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက “ဒီပြပွဲက မြန်မာနိုင်ငံရဲ ့တိုင်းဒေသကြီး/ပြည်နယ်က ဒေသ ထုတ်ကုန်များကို နိုင်ငံတွင်းကနေ တဆင့် ကမ္ဘာက သိအောင် ချပြခြင်း ဖြစ်ပါတယ်။ဒါအပြင် နိုင်ငံတကာက စီးပွားရေး မိတ်ဖက်တွေနဲ့အတူတကွ ပူးပေါင်းပြီး နိုင်ငံ အကျိုးစီးပွား တိုးတက်ရန် ပါဝင် ဆောင်ရွက် သွားကြမှာပါ။”ဟု ယနေ့ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြပွဲတွင် တရုတ် ၊ ဂျပန် ၊ ကိုရီးယား ၊ မလေးရှား ၊ ထိုင်း ၊ ဗီယက်နမ် ၊ တရုတ်(တိုင်ပေ) နှင့် ပြည်တွင်းလုပ်ငန်းရှင်များမှ မော်တော်ယာဉ်များ ၊ စက်ပစ္စည်းများ ၊ လျှပ်စစ်ပစ္စည်းများ ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ၊ အိမ်တွင်း အလှဆင် လုပ်ငန်းများ ၊ အလှကုန် ပစ္စည်းများနှင့် အဝတ်အထည်များ ၊ လက်ဝတ် ရတနာများ ၊ စားသောက်ကုန် ပစ္စည်းများ ၊ ယာဉ်အပိုပစ္စည်းများ ၊ သယ်ယူပို့ဆောင်ရေး ၊ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍတို့ ပါဝင် ပြသမည် ဖြစ်ကြောင်း သိရသည်။

ပြပွဲကျင်းပရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးမျိုးသန့်က“ပြပွဲက ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအတွက် ရင်းနှီး မြှုပ်နှံမှု နဲ့ စီးပွားရေးအခွင့်အလမ်းများ အကောင်းဆုံး ရရှိလာနိုင်မှာပါ။ မြန်မာလုပ်ငန်းရှင်တွေရဲ့ ကိုယ့်ဒေသ ထွက်ကုန် များကို ဒီပွဲမှာ Highlight ပြသစေချင်လို့ပါ။ မြန်မာနိုင်ငံရဲ ့စီးပွားရေးအင်အားတောင့်တင်း ခိုင်မာစေဖို့ အဓိက ရည်ရွယ်တာပါ။” ဟု ပြောကြားခဲ့သည်။

ပြပွဲတွင် နိုင်ငံတကာမှ ကုန်ပစ္စည်းများ အပါအဝင် မြန်မာနိုင်ငံရှိ ပြည်နယ်/တိုင်းများမှ အရည်အသွေး မီသော ဒေသ ထွက်ကုန် ပစ္စည်းများ (Value Added နှင့် Semi Finished Products)များကို ပြခန်းပေါင်း (၂၀၀) ကျော်ဖြင့် ပါဝင် ပြသသွားမည်ဖြစ်ပြီး တက်ရောက်သူပေါင်း ၃၀,၀၀၀ မှ ၅၀,၀၀၀ ကျော် ရှိနိုင်လိမ့်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

ပြပွဲ အခမ်းအနားတွင် ဆွေးနွေးပွဲများလည်း ထည့်သွင်း ကျင်းပမည် ဖြစ်ပြီး အသင်းချုပ် အကြံပေး ပုဂ္ဂိုလ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အတွက် မြန်မာ့စီးပွားရေးကွန်ရက် (Myanmar Network for Sustainable Development (MNSD)” ၊ ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ကနဦး ခြေလှမ်းများ(“Economic Development Initiatives in Myanmar”) စသည့် ဆွေးနွေးပွဲများ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.