နယူးဒေလီ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အာသံပြည်နယ်၊ Kamrupခရိုင် Brahmaputraမြစ်တွင် စက်တင်ဘာ ၅ ရက်က စက်လှေတစ်စီးတိမ်းမှောက်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၁၁ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
နေပြည်တော်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင် ဖွံ့ဖြိုးမှု နည်းပါးပြီး ပထဝီအနေအထားအရ လိုအပ်ချက်များ ရှိသည့် ချင်းပြည်နယ် တောင်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးမြောက်ပိုင်းရှိ အိမ်ထောင်စုပေါင်း ကိုးသောင်း ခန့်အား အကျိုးပြုစေရန် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက်မှု ရန်ပုံငွေအဖွဲ့(IFAD)...
ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ယနေ့နံနက် ၉ နာရီတွင် အင်းစိန်မြို့နယ် အ.ထ.က(၁)ကျောင်း၌ ကျင်းပသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဋ္ဌာနနှင့် အခြေခံပညာဦးစီးဋ္ဌာနတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် အမှာစကားပြောကြားခဲ့သည်။
ချီကာဂို၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) တိုယိုတာ မော်တာ ကော်ပိုရေးရှင်းသည် Prius ကားနှင့် C-HR ကား စီးရေ ၁ သန်းကျော်အား မီးလောင်မှုအန္တရာယ်ဖြစ်နိုင်သည့် ချို့ယွင်းချက်ကြောင့် ကမ္ဘာ့ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းနေကြောင်း သိရသည်။
ကဘူးလ်၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်တွင် စက်တင်ဘာ ၅ ရက်နေ့ ညနေပိုင်းက အသေခံဗုံးခွဲ တိုက်ခိုက်မှု နှစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၆ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန် နစ္စတန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ယင်းနေ့တွင်...
ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်(Depression)တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ကြောင်း ၊မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်းမိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) တိုက်ကြီးမြို့နယ် ကွမ်းသီးမြောင်ကျေးရွာ၏ အနောက်ဘက် သပြုသစ်တော ကြိုးဝိုင်း အနီးရှိ ကြံစိုက်ခင်း များအား တောဆင်ရိုင်းများက စက်တင်ဘာ ၅ ရက်တွင် ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ဆိုးလ်၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင်စေလွှတ်သည့် အထူးကိုယ်စားလှယ်အဖွဲ့သည် မြောက်ကိုရီးယားသို့ သွားရောက်လည်ပတ်စဉ်က တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးကို မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းတွင် ယခုလ ၁၈ရက်မှ ၂၀ ရက်အထိ ကျင်းပရန် သဘောတူညီခဲ့ကြောင်း တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်က စက်တင်ဘာ ၆ ရက်တွင်...
ဆူဗာ ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) ဖီဂျီနိုင်ငံ၏ ဆူဗာကျွန်းဆွယ်(Suva) ဧရိယာတစ်လျှောက်၌ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ဆူနာမီအန္တရာယ်ကို ကြိုတင်ကာကွယ်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် ဆူနာမီသတိပေးကိရိယာသစ် ၉ ခုကို တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။