Connect with us

North America

။တရားမဝင်ရွှေ့ပြောင်းနေ ထိုင်သူဟွန်ဒူးရပ်နိုင်ငံသား ၅,၀၀၀ ခန့် အမေရိကန်နိုင်ငံအကျဉ်းစခန်းများတွင်ထိန်းသိမ်းထားခြင်းခံနေရ။

အမေရိကန်နိုင်ငံတွင်ရွှေ့ပြောင်းနေထိုင်ရန်ထွက်ခွာလာသော ဟွန်ဒူးရပ်နိုင်ငံသား များ အား မက္ကဆီကိုနိုင်ငံအား ဖြတ်သန်းလာကြစဉ်တွေ့ရပုံ(ဆင်ဟွာ)

တီဂူစီဂါလ်ပါ၊ သြဂုတ်လ ၂ ရက်(ဆင်ဟွာ)

ယခုအခါတွင် ဟွန်ဒူးရပ်နိုင်ငံသား ၅,၀၀၀ ခန့်တို့မှာ အမေရိကန်နိုင်ငံတွင်းရှိ တရားမဝင်ရွှေ့ပြောင်းနေ ထိုင်သူများအတွက်အကျဉ်းစခန်းများ၌ ထိန်းသိမ်းထားခြင်းခံနေရကြောင်း ဟွန်ဒူးရပ်သမ္မတ၏ဇနီးဖြစ် သူ အေနာ ဂါစီယာ(Ana Garcia) ကသြဂုတ်လ ၁ ရက်၌ပြောကြားခဲ့သည်။

အေနာ ဂါစီယာ က “အမေရိကန်ပြည်ထောင်စုက အကျဉ်းစခန်းတွေမှာ ကျွန်တော်တို့တစ်နိုင်ငံတည်း သား ၅,၀၀၀ လောက်ရှိနေတယ်။မက္ကဆီကိုနိုင်ငံက အကျဉ်းစခန်းတွေမှာလည်း တော်တော်များများရှိ နေပါတယ်” ဟု အခြားနိုင်ငံများ၌ တရားမဝင်သွားရောက်ရွှေ့ပြောင်းနေထိုင်မှုကို ဟန့်တားရန် တီဂူစီ ဂါလ်ပါ ၌တစ်လကြာကျင်းပမည့် လှုပ်ရှားမှုစတင်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နယ်လီဂျီရက်ဇ် ကလည်း အဆိုပါလှုပ်ရှားမှုက ရွှေ့ပြောင်းနေ ထိုင်ခြင်း၏ အန္တရာယ်များ၊အထူးသဖြင့်ကလေးငယ်နှင့်ဆယ်ကျော်သက်အရွယ်များအတွက်ကျရောက် လာနိုင်မှု များကိုသတိပြုမိကြစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟွန်ဒူးရပ်နိုင်ငံသည် ဂွာတီမာလာနိုင်ငံနှင့်အယ်လ်ဆာဗေးဒိုးနိုင်ငံများကဲ့သို့ပင်အမေရိကန်ပြည်ထောင် စု သို့တရားမဝင်ရွှေ့ပြောင်းနေထိုင်သူအရေအတွက် တိုးမြင့်လျက်ရှိသောနိုင်ငံဖြစ်သည်။အဆိုပါနိုင်ငံ များမှ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ အမေရိကန်ပြည်ထောင်စု သို့ဝင်ရောက်ရာလမ်းကြောင်း ပေါ်တွင်တည်ရှိနေသော မက္ကဆီကိုနိုင်ငံမှာလည်း တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုကို ထိန်းချုပ်ရန် ကြိုးစားလုပ်ဆောင်မှုများပြုလုပ်လျက်ရှိသည်။မက္ကဆီကိုနိုင်ငံက ဟွန်ဒူးရပ်နိုင်ငံတွင်အလုပ်အကိုင်အ ခွင့်အလမ်းများဖြစ်ပေါ်စေမည့် စီမံကိန်းနှစ်ခုအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ကူညီရန် ကတိ ပြုခဲ့သည်။

အမေရိကန်ပြည်ထောင်စုကမူ အမေရိကအလယ်ပိုင်းနိုင်ငံများနှင့်မက္ကဆီကိုနိုင်ငံတို့အား တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကိုလျှော့ချနိုင်ရေးဆောင်ရွက်ရန်ဖိအားပေးခြင်းဖြင့် ၎င်း၏လူဝင်မှုကြီးကြပ် ရေးမူဝါဒ ကို ပိုမိုတင်းကျပ်မှုပြုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.