ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့မှ တက္ကသိုလ် ကျောင်းများမှ ကျောင်းသား/သူ ၂၂ ဦးတို့သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ရသစာပေစကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ သြဂုတ်လ ၂၈ ရက် ညနေပိုင်း အချိန် တွင် China Eastern Airlines လေယာဉ် အမှတ်စဉ် MU 2031 ဖြင့် တရုတ် နိုင်ငံ...
ဆိုးလ်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးအား အစီအစဉ်အတိုင်း အပြောင်းလဲမရှိ၊ နှစ်နိုင်ငံ သဘောတူထားသည့်အတိုင်း နောက်လတွင် ကျင်းပမည် ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ သမ္မတအိမ်ပြာတော်က သြဂုတ်လ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
ဂျကာတာ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းတွင် သြဂုတ်လ ၂၈ ရက်၌ ပြင်းအား ၆.၂ ရှိသော အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း မိုးလေဝသနှင့် ဘူမိရူပဗေဒဆိုင်ရာလုပ်ငန်းက ပြောကြားလိုက်သည်။
ရန်ကုန် ၊ သြဂုတ် ၂၈ ရက်(ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို တို့သည် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ၏ ဖိတ်ကြားချက်အရ နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် နှင့် တရားဝင်ချစ်ကြည်ရေး...
ပေကျင်း၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative = BRI) က လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများမှ ပြည်သူများ အကျိုးကျေးဇူးရရှိရန် မီးမောင်းထိုးပြခဲ့ပြီး ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု ငါးနှစ်ပြည့်မြောက်သည့်အခါသမယမှာ တွန်းအားသစ်ပေးမည်ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။
ပါရာဂွေး၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ပါရာဂွေးနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန သည် ရဲတပ်ဖွဲ့၏ လက်နက်တိုက်တွင် သိမ်းဆည်းထားသော လက်နက်များ ပျောက်ဆုံးနေသော ကိစ္စရပ်အား စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
လန်ဒန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ရှိ Regent လမ်းမပေါ်၌ သြဂုတ် ၂၇ ရက် နံနက်အစောပိုင်းတွင် ရဲတပ်ဖွဲ့က လိုက်ဖမ်းနေသည့် ကားတစ်စီးက လမ်းသွားလမ်းလာတစ်ဦးအား ဝင်တိုက်မိသဖြင့် လူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ သြဂုတ်၂၈ ရက် (ဆင်ဟွာ) ရာသီဥတု ပြောင်းလဲမှုကို တုံ့ပြန်နိုင်ပြီး ရေရှည် ခံနိုင်ရည် ရှိစေရန် ရေးဆွဲထားသည့် ၂၀၃၀ မဟာ ဗျူဟာနှင့် ပင်မ လုပ်ငန်းများ အောင်မြင်စေရေးအတွက် စွမ်းဆောင်ရည် မြင့်မားဖို့ လိုအပ်သည်ဟု သစ်တော၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု...
ပေကျင်း၊ သြဂုတ် ၂၈ ရက်(ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် သြဂုတ် ၂၇ ရက်တွင် ပေကျင်းမြို့မဟာပြည်သူ့ခန်းမဆောင်တွင် ကျင်းပသော ခေတ်သစ်ပိုး လမ်းမကြီးတည်ဆောက်ရေး(၅)နှစ်ပြည့် ဆွေးနွေးပွဲသို့ တက်ရောက်၍ မိန့်ခွန်းစကားပြောကြားခဲ့ပါသည်။ ထိုမိန့်ခွန်းစကားများအနက် အဖိုးတန်စကား ၈ ရပ်မှာ-