Connect with us

North America

နယူးယောက်မြို့တွင် အပူချိန်အလွန်ပြင်းထန်၍ သုံးမျိုးစုံကစားနည်းပြိုင်ပွဲ ဖျက်သိမ်း

သုံးမျိုးစုံကစားနည်းပြိုင်ပွဲ ကျင်းပစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

နယူးယောက်မြို့တွင် အပူချိန်နှင့် စိုထိုင်းမှုသည် အပြေးပြိုင်ပွဲကျင်းရန်အတွက် လုံခြုံစိတ်ချမှု အခြေအနေမရှိသောကြောင့် ဇူလိုင် ၂၁ ရက်တွင် ကျင်းပရန် စီစဉ်ထားသော သုံးမျိုးစုံကစားနည်းပြိုင်ပွဲအား ဖျက်သိမ်းလိုက်ရကြောင်း ဒေသတွင်းမီဒီယာများ ဇူလိုင် ၁၉ ရက်တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။

အပူချိန်ဒဏ် အလွန်ပူပြင်းမှု သတိပေးချက်သည် သောကြာနေ့မှ တနင်္ဂနွေနေ့ထိ မြို့တော်အတွင်း အကျိုးသက်ရောက်မှုရှိမည်ဖြစ်ပြီး တနင်္ဂနွေနေ့တွင် အပူချိန် ပိုမိုမြင့်တက်မည်ဟု ခန့်မှန်းထားကြောင်း၊

အဆိုပါ ပြိုင်ပွဲကို လူပေါင်း ၄၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားရာ မြို့တွင်းမှ ကစားသမား ၁၀၀၀ကျော်လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သုံးမျိုးစုံကစားနည်းပြိုင်ပွဲအတွက် အားကစားကြေးသွင်းထားသူများကို နှစ်ပတ်မှ သုံးပတ်အတွင်း ပြန်လည် ထုတ်ပေးမည်ဖြစ်ကြောင်း ယင်းအဖွဲ့အစည်းက ဆိုသည်။

၂၀၀၁ ခုနှစ်က စတင်တည်ထောင်ခဲ့သော သုံးမျိုးစုံကစားနည်းပြိုင်ပွဲကို ပထမဆုံးအကြိမ် ဖျက်သိမ်းခြင်းဖြစ်သည်။အဆိုပါ ပြိုင်ပွဲ စီစဉ်သူများက သုံးမျိုးစုံကစားနည်းပြိုင်ပွဲကို နောက်ပိုင်းတွင် မြစ်ရေအခြေအနေနှင့် သွားလာမှုအဆင်ပြေစေမည့် ဇူလိုင်လတွင် ပုံမှန် ကျင်းပသွားမည်ဖြစ်ကြောင်း ပြောခဲ့ကြသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117