Connect with us

Politics, Law & Military

ရှမ်းပြည်နယ် မိုးမောက်မြို့တွင် ကျပ် သိန်း ၁၅၀၀ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

မိုးမောက်မြို့တွင် ဖမ်းဆီးရမိသော ဘိန်းဖြူများအားတွေ့ရစဉ်(CCDAC)

ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် မိုးမောက်မြို့တွင် ဇူလိုင် ၁၉ ရက်က ကျပ် သိန်း ၁၅၀၀ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

မိုးမောက်မြို့နယ်၊ ကျောက်စခန်း စစ်ဆေးရေးစခန်းတွင် လွယ်ဂျယ်မြို့ဘက်မှ မိုးမောက်မြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၁၅၄၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၅၄၀ သိန်း)၊ မြန်မာငွေကျပ် ၁၅၀,၀၀၀ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုများနှင့် ပတ်သက်ပြီး မိုးမောက်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)