Connect with us

Africa & Middle East

ဆော်ဒီနိုင်ငံအတွင်း အမေရိကန်လက်နက်ကိုင်တပ်ဖွဲ့များ အခြေစိုက်ခြင်းကို ဆော်ဒီဘုရင်ခွင့်ပြု

ဆော်ဒီအာရေဗျနိုင်ငံ ဘုရင် ဆယ်လ်မန် ဘစ် အဗ္ဗဒူလာဇစ် အယ်လ်-ဆော့ (ယာ) အား တွေ့ရစဉ် (ဆင်ဟွာ)

ရီယတ်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံအတွင်း အမေရိကန်နိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့များ လာရောက်အခြေစိုက်ခြင်းကို ဆော်ဒီဘုရင် ဆယ်လ်မန် ဘစ် အဗ္ဗဒူလာဇစ် အယ်လ်-ဆော့ (Salman bin Abdulaziz Al-Saud) က အတည်ပြုလိုက်ကြောင်း ဆော်ဒီသတင်းအေဂျင်စီက ဇူလိုင်လ ၁၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ထိုသို့လုပ်ဆောင်မှုက “ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးဆိုင်ရာ ကာကွယ်ရေး ပူးတွဲလုပ်ဆောင်မှု တိုးမြှင့်ခြင်းနှင့် ဒေသတွင်း ငြိမ်းချမ်းရေး ထိန်းသိမ်းထားရန်” အတွက် ရည်ရွယ်ကြောင်း သတင်း၌ ဖော်ပြထားသည်။

ဆော်ဒီအာရေဗျနိုင်ငံသို့ ဖြစ်လာနိုင်ဖွယ်ရှိသော ခြိမ်းခြောက်မှုများအား တားဆီးရေး၌ အထောက်အကူဖြစ်စေရန် ယခုလို စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် အင်အားများ စေလွှတ်ခြင်းကို ပင်တဂွန်အနေဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံ စစ်တပ်က ဇူလိုင်လ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်တပ်သား ၅၀၀ အား ဆော်ဒီမြို့တော် ရီယတ် အရှေ့ဘက် သဲကန္တာရနယ်မြေရှိ Prince Sultan လေတပ်အခြေစိုက်စခန်းသို့ စေလွှတ်ရန် မျှော်မှန်းထားကြောင်း ကာကွယ်ရေးအရာရှိနှစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ CNN က ဇူလိုင်လ ၁၇ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အဆိုပါ တပ်ဖွဲ့ဝင်များမှာ မြေထဲပင်လယ်ဒေသသို့ ထပ်တိုးတပ်ဖွဲ့ဝင် ၁,၀၀၀ ခန့် စေလွှတ်မည့် အမေရိကန်တပ်ဖြန့်မှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117