Connect with us

Politics, Law & Military

စစ်ဘေးရှောင်စခန်းအသီးသီးရှိ နေရပ်စွန့်ခွာသူ ၂၂,၀၀၀ခန့်အား စိစစ်ထောက်ပံ့နေဟု ဒုတိယ ဝန်ကြီးဆို

ရခိုင်ပြည်နယ်ရှိမြို့နယ်အချို့နှင့်ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသူများအား ကုလသမဂ္ဂအဖွဲ့အစည်းများမှ အကူအညီပေးရေး အစည်းအဝေးကျင်းပစဉ်(လူကယ်ပြန်)

ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်စခန်း အသီးသီး၌ နေရပ်စွန့်ခွာသူ ၂၂,၀၀၀ခန့်ရှိပြီး ယင်းတို့ကို အစိုးရအနေဖြင့် စိစစ်ထောက်ပံ့နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောကြားသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်နှင့် ပေါက်တောမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများကို ထောက်ပံ့ပေးလျက်ရှိကြောင်း၊ တပ်မတော်နှင့် AA အဖွဲ့ အကြား တိုက်ပွဲများကြောင့် ယာယီ ရွှေ့ပြောင်းနေထိုင်ရသူ အိမ်ထောင်စု(၁၆,၀၀၀)ကျော်၊ လူဦးရေ (၆၅၀၀၀)ကျော်အတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ခုနှစ် ဒီဇင်ဘာ ၁၈ ရက်မှ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၀ ရက်ထိ မြန်မာငွေ ကျပ်သန်း (၁၁၀၀)ကျော်တန်ဖိုးရှိ စားနပ်ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများကို ကူညီပံ့ပိုးခဲ့ပြီးဖြစ်ကြောင်း ဒုတိယ ဝန်ကြီးက ဆိုသည်။

Red Cross Movement လှုပ်ရှားမှု၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့တို့အနေဖြင့်လည်း စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်း၊ ရွေ့လျားဆေးပေးခန်းများ ဖွင့်လှစ်ပေးခြင်း၊ စိုက်ပျိုးရာသီအတွက် မျိုးစေ့နှင့် ဓာတ်မြေသြဇာ ထောက်ပံ့ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ဒေသတွင် ကုလသမဂ္ဂနှင့်အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ခွင့် တင်ပြခြင်း ကိုလည်း အလေးထားစဉ်းစားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

ရခိုင်ပြည်နယ်ရှိမြို့နယ်အချို့နှင့်ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသူများအား ကုလသမဂ္ဂအဖွဲ့အစည်းများမှ အကူအညီပေးရန် အဆိုပြုမှုနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.