ရီယတ်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံတွင် Hawk အမျိုးအစား လေတပ်ဂျက်လေယာဉ်တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်ဝန်ထမ်းများအားလုံး သေဆုံးသွားခဲ့ကြောင်း အောက်တိုဘာလ ၁၆ ရက်တွင် ကြေညာလိုက်သည်။
ရီယာ့ဒ်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo သည် ဆော်ဒီသတင်းထောက်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဆော်ဒီအာဏာပိုင်များ နှင့် ဆွေးနွေးပြောဆိုရန် ဆော်ဒီအာရေဗျနိုင်ငံသို့ အောက်တိုဘာ ၁၆ ရက်တွင် တရားဝင်ခရီးစဉ်ရောက်ရှိလာခဲ့ကြောင်း Al Arabiya ပြည်တွင်းသတင်းက ဖော်ပြခဲ့သည်။
မက္ကဆီကိုစီးတီး၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အရှေ့ပိုင်း Veracruz ပြည်နယ်တွင် အောက်တိုဘာ ၁၅ ရက်က ယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့ရာ လူ ၈ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဟိတ်၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်သည် နယ်သာလန်နိုင်ငံ ဘုရင် ဝီလီယံ-အလက်ဇန္ဒား (Willem-Alexander) နှင့် ဟိတ်မြို့ (Hague) နန်းတော်တွင် အောက်တိုဘာလ ၁၅ ရက်နေ့ ညပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်း ပါးပြိုကျမှုကြောင့် ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာပါ ၂ ရွာရှိ နေအိမ် ၁၆ လုံးအား ဖျက်သိမ်း၍ ကျေးရွာ အတွင်းသို့ ယာယီပြောင်းရွှေ့ ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ အမျိုးသား(၃)ဦးအား လက်ခတ်လှေတစ်စီး နှင့် အတူ စိတ်ကြွဆေးပြား ၁၁၇,၀၀၀ ပြား(၁ ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး၂၃၄,၀၀၀,၀၀၀ ကျပ်) နှင့်အတူ ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် ယနေ့ နံနက်တွင် မကွေးလေ တပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်နှစ်စီး ပျက်ကျမှုသည် ရာသီဥတုဆိုးရွားမှုကြောင့်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သောသတင်းအရ သိရသည်။
လက်ဘနွန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံတောင်ပိုင်း ရှိ Mieh Mieh ဒုက္ခသည်စခန်း တွင် ဖာတာအုပ်စု နှင့် ဟူသီအုပ်စု တို့ အကြားခိုက်ရန်ဖြစ်ပွားရာ ယင်း အုပ်စု နှစ်ခုမှ လူ ၁၅ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာက အောက်တိုဘာ ၁၅ရက်က ဖော်ပြခဲ့သည်။
နေပြည်တော် အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ၂၀၃၀ ခုနှစ်တွင် ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေး ဟူသည့် တစ်ကမ္ဘာ လုံးဆိုင်ရာ ရည်မှန်းချက် အောင်မြင်ရန် စားနပ် ရိက္ခာဖူလုံရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးကို ထိရောက် အောင်မြင် စွာ ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုကို တိုက်ဖျက်ရာတွင်...
မိုဂါဒစ်ရှူး ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) ဆိုမာလီယာနိုင်ငံ တောင်ပိုင်း Baidoa ဒေသတွင် အောက်တိုဘာ ၁၅ ရက်က ဆိုမာလီအစိုးရတပ် နှင့် အယ်လ်ရှာဘတ်အစွန်းရောက်လက်နက်များအကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အယ်လ်ရှာဘတ်လက်နက်ကိုင် ၈ ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း အစိုးရတပ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။