ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နှင့် ဘာရိန်းနိုင်ငံ လက်ရွေးစင်ဘောအသင်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ရက် မြန်မာစံတော်ချိန် ည ၁၀း၄၅ နာရီ တွင် ဘာရိန်း အမျိုးသားအားကစားကွင်း တွင် ခြေစမ်းကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
နယူးဒေလီ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း Bengaluru မြို့ရှိ စာသင်ကျောင်းတစ်ကျောင်း၏ ကျောင်းအုပ်သည် ၎င်း၏ ရုံးခန်းအတွင်း၌ အသတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာလ ၁၅ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်တွင် အောက်တိုဘာလ ၁၄ ရက် နေ့လည်ပိုင်းက မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ငွေကျပ် ၁,၄၂၂ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓါတုပစ္စည်းများ ဖမ်းဆီးရမိကြောင်း မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းရ သိရသည်။
တီဟီရန်၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) အီရန်နိုင်ငံအနေဖြင့် နိုင်ငံ၏အကျိုးအမြတ်နှင့်လုံခြုံရေးအတွက် လိုအပ်ပါက အီရန်နျူကလီးယား သဘော တူညီချက်မှ အချိန်မရွေးနုတ်ထွက်နိုင်သည်ဟု အီရန်သမ္မတ Hassan Rouhaniက ပြောကြားခဲ့ ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့တို့သည် ယနေ့တွင် နေပြည်တော် ရွှေစံအိမ်ဟိုတယ်၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၈ရက်တွင် နိုင်ငံတကာခြေစမ်းပွဲ အဖြစ် ကမ္ဘောဒီးယားနိုင်ငံတွင် ယှဉ်ပြိုင်မည့်ကမ္ဘောဒီးယား လက်ရွေးစင်အသင်းနှင့် စင်ကာပူလက်ရွေးစင်အသင်းတို့ ၏ ဘောလုံး ပွဲစဉ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဒိုင်လူကြီးတချို့မှ ဒိုင်အဖြစ်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ၂၀၁၈ခုနှစ် နိုင်ငံတကာ မျက်မမြင် လမ်းလျှောက် တုတ်နေ့ အထိမ်းအမှတ်၊ (၂၇) ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန် ဖလား လမ်းလျှောက် ပြိုင်ပွဲကို ယနေ့နံနက် ၆နာရီက မြို့တော်ခန်းမရှေ့၌ ကျင်းပခဲ့သည်။
ကဘူးလ်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ပြည်နယ် ၂ခုတွင် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အနည်းဆုံး IS စစ်သွေးကြွ ၇ဦး သေဆုံးခဲ့ကြောင်း အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း တောင်ပြိုကျမှုကြောင့် ဝိုင်းမော်-ကန်ပိုက်တီ ကားလမ်းရှိ သံကူကွန်ကရစ်တံတား ကျိုးပဲ့ခဲ့ပြီး လမ်း ပေ၂၀၀ခန့် ပျက်စီးခဲ့သဖြင့် မော်တော်ယာဉ်များ သွားလာ၍မရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဒမက်စကက်စ်၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) ဆီးရီးယား-ဂျော်ဒန် နှစ်နိုင်ငံနယ်စပ်တွင်ရှိသည့် Nasib-Jaber နယ်စပ်ဝင်ထွက်ဂိတ်ကို အောက်တိုဘာ ၁၅ ရက်တွင် ပြန်လည်ဖွင့်လှစ်ရန် နှစ်ဖက် သဘောတူခဲ့ကြောင်း ဆီးရီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Muhammad al-Sha’ar က အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။