Connect with us

Environment, Disasters & Accidents

ဖားကန့်မြို့နယ်၌ ရေမဆေးကျောက်ရှာဖွေနေစဉ် မြေကမ်းပါး ပြိုကျမှုကြောင့် လူ ၄ ဦး ပျောက်ဆုံး

ဖားကန့် မြို့ နယ်၌ ရေမဆေးကျောက်ရှာဖွေရေးလုပ်ကိုင်နေသူများအား တွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်၌ ဇူလိုင် ၁၃ ရက်တွင် ရေမဆေးကျောက် ရှာဖွေနေစဉ် မြေကမ်းပါး ပြိုကျမှု ကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၄ ဦး ရေကန် အတွင်းသို့ပြုတ်ကျကာ နစ်မြုပ် ပျောက်ဆုံးနေကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်မှု အရ သိရသည်။

ဖားကန့်မြို့နယ်၊ ဗလခကျေးရွာ၊ ယူနတီ ကျောက်မျက်ကုမ္ပဏီလုပ်ကွက်၌ အလျား ၄၀၀ ပေ၊ အနံ ၂၀၀ ပေ၊ အနက် ၅၀ ပေရှိ ရေများပြည့်နေသော ကျင်းအဟောင်းကမ်းစပ်၌ ရေမဆေးကျောက်ရှာဖွေသူ ၅ ဦးမှာ ရေမဆေး ကျောက် ရှာဖွေနေစဉ် မြေကမ်း ပါးပြိုကျမှုကြောင့် ရေလှိုင်းများရိုက်ခတ်ပြီး ရေကန်အတွင်းသို့ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။

ထိုသို့ပြုတ်ကျသွားသူများ အနက် ၁ ဦးကို ကယ်ဆယ်ရရှိခဲ့ပြီး ကျန် ၄ ဦးမှာ နစ်မြုပ်ပျောက်ဆုံးနေသဖြင့် ဆက်လက် ရှာဖွေလျက် ရှိကြောင်း သိရသည်။(Xinhua)