ပေကျင်း၊ ဇူလိုင် ၈ရက် (ဆင်ဟွာ) ၂၀၁၉ World Internet of Things (WIOT) ပြပွဲကို တရုတ်နိုင်ငံ၏ အရှေ့ဘက် ကျန်းဆူးပြည်နယ်၊ ဝူရှီးမြို့တွင် စက်တင်ဘာ ၇ ရက် မှ ၁၀ ရက် အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
နယူးယောက်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) ဇူလိုင် ၇ ရက်၊ ဂရင်းနစ်စံတော်ချိန် ၁၈း၄၉နာရီ တွင် ဖီဂျီနိုင်ငံ၊ ဖီဂျီကျွန်း ၏ တောင်ဘက်၌ အင်အား ၅.၃ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှားသွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့ကဆိုသည်။
ကာရာကပ်စ်၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) ဗင်နီဇွဲလားအစိုးရနှင့် အတိုက်အခံပါတီတို့၏ ပြန်လည်တွေ့ဆုံဆွေးနွေးပွဲကို ကာရီဘီယံကျွန်းနိုင်ငံ ဘာဘေးဒို့စ်တွင် ယခုရက်ပိုင်းများအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို ကိုးကား ဗင်နီဇွဲလား နိုင်ငံ သတင်းနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန ဝန်ကြီးJorge Rodriguezက ဇူလိုင် ၇ ရက် ညနေပိုင်းတွင် ၎င်း၏လူမှုမီဒီယာမှတစ်ဆင့် ဖော်ပြထားသည်။
ကဘူးလ်၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Ghazniပြည်နယ် Ghazniမြို့တွင် ဇူလိုင် ၇ ရက်က ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားရာ အနည်းဆုံး လူ ၆ ဦးသေဆုံးပြီး ၉၆ ဦး ဒဏ်ရာရခဲ့ကြောင်း အာဖဂန် အစိုးရ အရာရှိတစ်ဦးက ယင်းနေ့တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ဒုတိယ(၁၀)ရက်ပတ်၌ ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း၊ အနောက် တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင်လ ဒုတိယ(၁၀)ရက်ပတ် အတွက် မိုးလေဝသ...
နယူးဒေလီ ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူထရာပရာဒက်ရှ်ပြည်နယ် (Uttar Pradesh) ၌ ယနေ့နံနက်အစောပိုင်းတွင် ရေနှုတ်မြောင်းတစ်ခုအတွင်းသို့ ဘတ်စ်ကားတစ်စီး ထိုးကျတိမ်းမှောက်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၂၇ ဦးသေဆုံးပြီး အခြား ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်နယ်အစိုးရသတင်းအရင်းအမြစ်တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။(Xinhua)
မော်စကို၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံအလယ်ပိုင်း Sverdlovsk Oblastပြည်နယ်တွင် ဇူလိုင် ၇ ရက်က ဆီတင်ယာဉ်တစ်စီးပေါက်ကွဲမှုဖြစ်ပွားရာ လက်ရှိတွင် သေဆုံးသူ ၄ ဦး ၊ ဒဏ်ရာရသူ ၇ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ဖနွမ်းပင် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန် (Samdech Techo Hun Sen) က ၎င်း၏ ညာဘက် ပုခုံး ကြွက်သား နာကျင်မှုဝေဒနာအား ကုသရန် စင်ကာပူ နိုင်ငံသို့ လာမည့် ရက်သတ္တပတ်အတွင်း သွားရောက်မည် ဖြစ်ကြောင်း...
ရန်ကုန်၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ တရုတ်ဘာသာဧည့်လမ်းညွှန်များတွေ့ဆုံပွဲနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့(ဇူလိုင် ၇ ရက်)တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။
ရန်ကုန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) ဘဏ္ဍာရေး ဆိုင်ရာ ညီလာခံ(Finance Conference 2019)ကို ယနေ့ဇူလိုင် ၇ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။