Connect with us

Asia

အိန္ဒိယနိုင်ငံ မြောက်ပိုင်း၌ ရေနှုတ်မြောင်းအတွင်းသို့ဘတ်စ်ကား ထိုးကျမှုကြောင့် လူ ၂၇ ဦး ခန့်သေဆုံး

အိန္ဒိယနိုင်ငံ၌ ရေမြောင်းတစ်ခုအတွင်းသို့ ဘတ်စ်ကားတစ်စီးပြုတ်ကျမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူထရာပရာဒက်ရှ်ပြည်နယ် (Uttar Pradesh) ၌ ယနေ့နံနက်အစောပိုင်းတွင် ရေနှုတ်မြောင်းတစ်ခုအတွင်းသို့ ဘတ်စ်ကားတစ်စီး ထိုးကျတိမ်းမှောက်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၂၇ ဦးသေဆုံးပြီး အခြား ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်နယ်အစိုးရသတင်းအရင်းအမြစ်တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။(Xinhua)