ဖနွမ်းပင်၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားများလာရောက်ရာ အန်ကောဝပ်ကျောင်းတော်ကြီး၏ ပတ် လည်မြက်ခင်းပြင်များ၌လာရောက်သည့်ကမ္ဘာလှည့်ခရီးသွားများအနေဖြင့်အစားအစာများစားသောက် ကြခြင်း က ကျောင်းတော်ကြီး၏ယဉ်ကျေးမှုဆိုင်ရာတန်ဖိုးကိုသေးသိမ်စေပြီး သဘာဝပတ်ဝန်းကျင်ကို လည်း ထိခိုက်စေသောကြောင့်ထိုအလေ့အထကိုတားမြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ က ဆင်ဟွာသတင်းဌာနသို့ သြဂုတ်လ ၁၄ ရက်တွင်ပြောကြားခဲ့ကြသည်။
နယူးဒေလီ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) ယခုရက်ပိုင်းများတွင် အိန္ဒိယနိုင်ငံ နေရာအနှံ့အပြား၌ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံဖြစ်ခြင်း၊ မြေပြိုခြင်းနှင့် ရွှံ့သဲကျောက်ရေစီးဆင်းခြင်းစသည့် ဘေးအန္တရာယ်များ ဖြစ်ပွားနေရာ လက်ရှိတွင် သေဆုံးသူ အနည်းဆုံး ၂၀၀ ရှိပြီး လူအများအပြားပျောက်ဆုံးနေကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ရွှေလုပ်ငန်းရှင်များ အနေဖြင့် ရွှေကိုရောင်းဝယ်ကြရာတွင် ရွှေလက်ငင်းငွေချေ၍ ရောင်းဝယ်ကြရန် နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းက အသိပေးအကြောင်းကြားချက်အားထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှု ကော်မရှင်၏ (၁၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် စက်မှုကဏ္ဍမှ လုပ်ငန်း နှစ်ခု ခွင့်ပြုခဲ့ကြောင်း ကော်မရှင်၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) နိုင်ငံတစ်ဝန်းတွင် ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူ နေ့စဉ်တိုးလာပြီး ၂၀၀၉ ခုနှစ် သြဂုတ် ၁၃ရက်အထိ သေဆုံးသူ ၉၄ဦးရှိလာကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ သြဂုတ်၁၃ ရက်တွင် ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၈)ခုနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁)ခုတို့ကို အတည်ပြုပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမ-သဲဖြူကုန်းကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်ပြိုကျမှုကြောင့် သေဆုံးသူ ၆၄ ဦးထိတိုးလာကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
ဒိုဟာ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) အမေရိကန်နှင့် အာဖဂန် တာလီဘန်တို့၏ ၈ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲကို ကာတာနိုင်ငံ မြို့တော် ဒိုဟာ တွင် ကျင်းပခဲ့ရာ သြဂုတ် ၁၂ ရက်တွင် ကျင်းပပြီးဆုံးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်တွင် ပါဝင်သည့် အရပ်သားကိုယ်စားလှယ်များ၏ သတ္တမအကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးအား ယနေ့ သြဂုတ်လ ၁၃ ရက်တွင် ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)၌ ကျင်းပခဲ့ကြောင်း သိရသည်။
စင်ကာပူ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) စင်ကာပူမြစ်ကမ်းနံဘေးတွင် ခင်းကျင်းထားသည့် တရုတ်နိုင်ငံ ထန်မင်းဆက် (အေဒီ ၆၁၈-၉၀၇) ခေတ်က ကြွေထည်ခွက်များနှင့် ရှေးခေတ်ရွှေထည် အသုံးအဆောင်ပစ္စည်းများပြပွဲက ရှေးခေတ်ကုန်သွယ်မှု လမ်းကြောင်းတွင် ဤဒေသက အရေးပါသောနေရာတွင် မည်သို့ ပါဝင်ခဲ့သည်ကို လှစ်ဟပြလိုက်သည်။