Connect with us

Local

ဘဏ္ဍာရေး ဆိုင်ရာ ညီလာခံ(Finance Conference 2019)ကို ရန်ကုန်မြို့၌ ကျင်းပ

ဘဏ္ဍာရေး ဆိုင်ရာ ညီလာခံအား ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

ဘဏ္ဍာရေး ဆိုင်ရာ ညီလာခံ(Finance Conference 2019)ကို ယနေ့ဇူလိုင် ၇ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ညီလာခံတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ရခိုင် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင် က Finance ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း ၊ ယခုလို Conference များစွာ လုပ်ဆောင် ပေးရန် လိုအပ်ကြောင်း စသည်တို့ကို အဖွင့်အမှာစကား ထည့်သွင်း ပြောကြားခဲ့သည်။

ဘဏ္ဍာရေး ဆိုင်ရာ ညီလာခံတွင် စကားဝိုင်း ဆွေးနွေးမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် (SECM)မှ အဖွဲ့ဝင် ဦးဌေးချွန်က အရင်းအနှီး ဈေးကွက် ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော်မှ ဆောင်ရွက်နေချိန်တွင် ယခုလို Conference မျိုးသည် အခြေအနေနှင့်အချိန်အခါ အရ အင်မတန် လိုအပ်သည့် Conference မျိုး ဖြစ်ကြောင်း ၊ နိုင်ငံ တစ်နိုင်ငံ၏ စီးပွား ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ရာတွင် အရင်းအနှီး ဈေးကွက် ဖွံ့ဖြိုး တိုးတက်ရေးသည် အင်မတန် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ဘဏ္ဍာရေး ဆိုင်ရာ ညီလာခံ ကျင်းပမှု မြင်ကွင်း(ဆင်ဟွာ)

Finance Conference 2019 ၏ Expert Talk အစီအစဉ်တွင် Investor Presentation ခေါင်းစဉ်ဖြင့် Maximax Solution Corporate Advisory မှ CEO & CCO ဦးသန်းအောင် က ဆွေးနွေး တင်ပြခဲ့ပြီး စကားဝိုင်း ဆွေးနွေးမှုများ အဖြစ် “Capital Raising for Business Growth” ခေါင်းစဉ်ဖြင့် အရင်းအနှီး ရှာရန် မည်သည်တို့ကို ပြင်ဆင်ကြမလဲ ၊ မည်သည့် နေရာတွင် အခက်အခဲများနှင့် တွေ့ကြုံနိုင်သနည်း အစရှိသည် တို့အား လည်းကောင်း ၊ ထို့အတူ ရင်းနှီးမြှုပ်နှံရန် အလားအလာကောင်းသော လုပ်ငန်းနယ်ပယ်များအကြောင်းကို “Hot Sector” ခေါင်းစဉ်တွင် နိုင်ငံခြား လုပ်ငန်းများ အနေဖြင့် မည်သည့် လုပ်ငန်းမျိုးတွေအတွက် မြန်မာနိုင်ငံ၌ Joint Venture လာရှာကြတာများနေသလဲ စသည်တို့အား လည်းကောင်း ၊ “M&A Readiness” ခေါင်းစဉ်ဖြင့် M&A နှင့် ပတ်သက်တဲ့ ကောင်းကျိုးဆိုးကျိုး လိုအပ်ချက်တွေကို လည်းကောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၊ ပညာရှင်များ၊ စွန့်ဦး တီထွင် လုပ်ငန်းရှင်များက အကြံပြုဆွေးနွေးမျှဝေသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ညီလာခံသည် နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးရန် စီးပွားရေး လုပ်ငန်းများစွာ လိုအပ်ကြောင်း ၊ ယင်းလုပ်ငန်းများ လုပ်ငန်း ချဲ့ထွင် နိုင်ပြီး Growth ဖြစ်လာကြမည် ဆိုပါက နိုင်ငံလည်း ဖွံ့ဖြိုးလာမည် ဆိုသည်ကို ယုံကြည်ကြောင်း ၊ ယင်းယုံကြည်ချက် အတိုင်း လုပ်ငန်းတိုင်း ချဲ့ထွင်ရန် အရင်းအနှီးငွေကြေး ရှာကြံခြင်းသည် အရမ်း အရေးကြီးသည့် အတွက် တစ်ဘက်တစ်လမ်းက ပံ့ပိုးလိုရင်း ဖြစ်သဖြင့် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။Finance Conference 2018 ကို ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ရန်ကုန်စတော့ အိပ်ချိန်း၌ ပထမအကြိမ် ကျင်းပခဲ့ပြီး ယခု Finance Conference 2019 မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.