ဘိုးအောက် ၊ဧပြီ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ယနေ့ဧပြီလ ၁ဝ ရက်တွင် ခေတ်သစ်၌ တရုတ်နိုင်ငံက လုပ်ဆောင်ရန်လိုအပ်မည့် အရာများကို လမ်းညွှန်ချက်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၁၀ရက် (ဆင်ဟွာ) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် E-Band (Uplink 71.125 GHz~75.875 GHz, Downlink 81.125 GHz ~ 85.875 GHz) အတွင်းရှိလှိုင်းနှုန်းများအား ITU Recommendation နှင့်အညီ 250 MHz Bandwidth ရှိသော Channel...
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ယခုနှစ် မန္တလေးသြင်္ကန်ပွဲတော်တွင် မန္တလေးမြို့တော် မဟာသြင်္ကန်ဗဟို မဏ္ဍပ်ကြီးအပါအဝင် ကျုံးပတ်လည်၌ ရေကစားမဏ္ဍပ် ၁၆ ခု ဆောက်လုပ်၍ ပါဝင်ဆင်နွှဲသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ရေးမြို့နယ် မြောက်ပိုင်းဒေသရှိ ကျေးရွာ ၂ဝ ခန့်တွင် လျှပ်စစ်မီး စတင်ဖြန့်ဖြူးပေးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ) ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည် ပုဂံဘုရားစေတီများ အနက် ၃ဝ၂ ဆူ ပြုပြင် ပြီးစီးကာ ရာခိုင်နှုန်း အားဖြင့် ၈၀ ရာခိုင်နှုန်းခန့်ပြုပြင်ပြီးစီးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။
ဝါရှင်တန် ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို(FBI) က ဧပြီလ ၉ ရက်တွင် သမ္မတဒေါ်နယ်ထရမ့်၏ ကိုယ်ရေးရှေ့နေဖြစ်သူ Michael Cohen ၏ ရုံးခန်းအား ဝင်ရောက်စီးနင်းပြီး လူကြီးကြိုက် အပြာကားရုပ်ရှင်သရုပ်ဆောင်မင်းသမီးအား ငွေကြေးပေးခဲ့သော ဖြတ်ပိုင်းစာရွက်အပါအဝင် အခြားဆက်စပ်သော စာရွက်စာတမ်းများစွာကို သိမ်းဆည်းရမိခဲ့ကြောင်း အမေရိကန်သတင်းမီဒီယာက ရေးသားဖော်ပြခဲ့သည်။
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ယခုနှစ် မဟာသြင်္ကန်ပွဲတော်ရက်များအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းများ လွှဲပြောင်းခြင်းနှင့် ပိတ်ခြင်းများ ပြုလုပ်မည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ၁၃၇၉ ခုနှစ်မြန်မာ့ရိုးရာ မဟာသြင်္ကန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး လမ်းလျှောက်သြင်္ကန်ကို နေရာသုံးခုတွင် စည်စည်ကားကား ကျင်းပသွားရန် ပြင်ဆင်မှုများ စတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ အင်ဂျင်နီယာနှင့် လမ်းတံတားဌာနထံမှ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ကန့်ဘလူမြို့နယ်မှ ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အတွင်း ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် မြန်မာ့ရွှေသမင် ကောင်ရေစာရင်းကို မတ် ၂၈ ရက်မှ ၃ဝ ရက်အထိ ကွင်းဆင်း ကောက်ယူခဲ့ရာ သမင်ကောင်ရေ ၈၈၉ ကောင် စာရင်းကောက် ယူရရှိခဲ့ပြီး ၂ဝ၁၇...
ပေကျင်း ၊ ဧပြီ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်တို့ ဧပြီလ ၈ ရက်နေ့ တွင် မဟာပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။