တိုကျို၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ Mie စီရင်စု အရှေ့တောင်ပိုင်း ပင်လယ်ပြင်တွင် ယနေ့ (ဇူလိုင် ၂၈ ရက်)နံနက်ပိုင်းက ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
နယူးဒေလီ ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အာသံပြည်နယ် နှင့် ဘီဟာပြည်နယ်တို့၌ ဖြစ်ပွားနေသော ရေကြီးရေလျှံမှုများအတွင်း သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်လျက်ရှိရာ စုစုပေါင်းဦးရေ ၂ဝဝ ကျော်ထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ပြည်တွင်းမီဒီယာက ဇူလိုင် ၂၇ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ရှန်းကျန့်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ဟွာဝေးက ၎င်း၏ပထမဆုံး 5G မိုဘိုင်းဖုန်းအား စီးပွားဖြစ်အသုံးပြုရန်အတွက် ၎င်းတို့၏ရုံးချုပ်ရှိရာ ရှန်းကျန့်မြို့တွင် မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။
တီဟီရန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) အီရန်အမျိုးသား ရေနံတင် သင်္ဘောကုမ္ပဏီ(NITC)သည် တစ်လ ခန့်ကြာသော တန် ၃၂၀,၀၀၀တင် ရေနံတင်သင်္ဘောကြီးအား ပြုပြင်မွမ်းမံမှု အောင်မြင်စွာပြီးစီးသွားကြောင်း တီဟီရန် တိုင်း နေ့စဉ်သတင်းစာတွင် ဇူလိုင် ၂၆ ရက်က ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ငွေကျပ် ၅၄၅၀ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဇူလိုင် ၂၆ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။
ဘန်ကောက် ၊ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) ထိုင်းအစိုးရ၏ နေ့စဉ် အနိမ့်ဆုံးလုပ်ခလစာအားတိုးမြှင့်ပေးရန်အစီအစဉ်ကို ထိုင်းစီးပွားရေးအသင်း အဖွဲ့အများစု၏ ကိုယ်စားလှယ်များက ဆန့်ကျင်ခဲ့ကြသည်ဟု ထိုင်းကုန်သွယ်ရေးဘုတ်အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ပို့ဂျ် အရမ်ဝပ်တာနာနွန့် (Poj Aramwattananont) ကဇူလိုင် ၂၆ ရက်ကပြောကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဆဒုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝိုင်းမော် – ဆဒုံး – ကန်ပိုက်တည် ကားလမ်းမိုင်တိုင်အမှတ် ၃၀/၃၁ ကြားနှင့် ၃၆/၃၇ ကြား၌ ယနေ့ (ဇူလိုင် ၂၇ ရက်)နံနက်(၅) နာရီခန့်တွင် တောင် ပြို၍ကားလမ်း ပိတ်ဆို့နေကြောင်း...
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ သိန်းနီမြို့ နာတီးကျေးရွာ သိန်းနီ-ကွမ်းလုံသွား ကားလမ်းမိုင်တိုင်အမှတ်(၃၁)အနီး ၌ ဇူလိုင် ၂၆ ရက် ညနေပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားပြီး ကလေး ၅ ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ကွမ်ဂျူး၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံတွင် ၁၈ ကြိမ်မြောက် FINA World Championships ကျင်းပနေသည့် နိုင်ငံအနောက်တောင်ပိုင်း ကွမ်ဂျိုးမြို့တွင် ဇူလိုင်လ ၂၇ ရက် နံနက်အစောပိုင်းက ညကလပ်တစ်ခု၏အတွင်းပိုင်းထပ်ခိုးပြိုကျမှုကြောင့် တောင်ကိုရီးယားနိုင်ငံသား ၂ ဦးသေဆုံး၍ အားကစားသမား ၉ ဦးနှင့် အခြားလူ...
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာအတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးဦးစီး တပ်ခွဲ ၁ ခွဲ အခြေပြုနေသည့် ညောင်ချောင်းနယ်မြေရုံးစခန်း တိုက်ခိုက်ခံရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။