ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် စက်လှေဖြင့်သွားလာနေစဉ် စက်လှေ နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ သုံးဦးသေဆုံးသွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်နှင့် တောင်ငူမြို့နယ် ထိစပ်နယ်နိမိတ်အတွင်း တည်ဆောက် ထားသော သောက်ရေခပ်(၂) ရေအားလျှပ်စစ်စီမံကိန်းသည် ဇူလိုင်(၂၉)ရက် ညနေ ၄ နာရီ တိုင်းတာချက်အရ ရေအမှတ်(၁၂၆.၇) မီတာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇူလိုင် ၃၀ ရက်(ဆင်ဟွာ) မွန်ပြည်နယ် အတွင်း ရေကြီးရေလျှံမှုကြောင့် ယာယီ ပိတ်ထားခဲ့သည့် ထားဝယ်- မော်လမြိုင်-ဘုရားကြီး- ရန်ကုန် အဝေးပြေး လမ်းမကြီးသည် လက်ရှိ အခြေအနေတွင် ရေပြန်လည် ကျဆင်းနေပြီ ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရ အဖွဲ့ရုံး၏ ထုတ်ပြန်မှု အရ သိရသည်။
ဟနွိုင်း၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Quang Nam ပြည်နယ်၌ ဇူလိုင် ၃၀ ရက် အစောပိုင်းတွင် သတို့သားတစ်ဦး နှင့် ၎င်း၏ ဆွေမျိုးသားချင်းများလိုက်ပါလာသော မင်္ဂလာအလှပြယာဉ်တစ်စီး နှင့် ကုန်တင်ကားတစ်စီးတို့ ခေါင်းချင်းဆိုင်တိုက်မိရာ လူ ၁၃ဦးသေဆုံးပြီး အခြားလူ ၄ဦး...
နယူးယောက်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) ဟာဝိုင်ရီကျွန်း ရှိ ဟာဝိုင်ရီဒေသတွင် ဇူလိုင် ၂၉ရက် ဂရင်းနစ်စံတော်ချိန် ၂၂း၁၀း၂၅ နာရီတွင် ရစ်ချ်တာစကေး ၅.၃ အင်အားရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမီဗေဒတိုင်းတာရေးအဖွဲ့က ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်၊ မွန်ပြည်နယ် ဘီးလင်းမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်ကြသူများအနေဖြင့် မြစ်ရေကြီးမှု ဘေးအန္တရာယ်မှ ကင်းလွတ်ရာသို့ ရှောင်ရှားကြပါရန်နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်နှင့် ရွှေကျင်မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူး သတိပြု...
ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများသည် စိုးရိမ်စရာမဟုတ်သလို ရန်သူမဟုတ်ကြောင်း မိတ်ဆွေသာဖြစ်ကြောင်း လက်တွေ့ကျကျ မရှိမဖြစ် အသိစိတ်ဓာတ်ရှိရှိနှင့် အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရမည့်အလုပ် ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောကြားသည်။
အစ္စတန်ဘူလ်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အေဂျီယံ ကမ်းရိုးတန်းပြင်ပတွင် ဇူလိုင်လ ၂၉ ရက်က လှေတစ်စင်းနစ်မြုပ်မှုကြောင့် လူ ၆ ဦးသေဆုံးပြီး ၁ ဦးပျောက်ဆုံးနေကြောင်း ဒေသခံ မီဒီယာက သတင်းဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှု ကြောင့် ရန်ကုန်-မန္တလေး အမြန်စာပို့ရထား များနှင့် မော်လမြိုင်ရထားများ ရထားလမ်းပိုင်း ရေကျော်ခဲ့သဖြင့် ရထားပြေးဆွဲမှုကို ယာယီ ရပ်ဆိုင်းထားရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ကန်ဒဲလ်၊ ကမ္ဘောဒီးယား၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံတွင် ခြောက်ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲကို ဇူလိုင်လ ၂၉ ရက်က စတင်ကျင်းပရာ နိုင်ငံရေးပါတီ ၂၀ ခု ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း အမျိုးသား ရွေးကောက်ပွဲကော်မတီ (NEC) ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။